မရဏငရဲမြစ်မှာ ငါးဖမ်းခြင်း

247 28 2
                                    

"ကောင်းပြီလေ..သွားကြတာပေါ့"

အချိန်အတော်ကြာတိတ်ဆိတ်နေမှု အပြီးမှာ ချန်ယွင်၏ အဖြေကိုပြန်ရခဲ့ပြီး သူတို့နှစ်ဦးဟာ မရဏငရဲမြစ်သို့ ချီတက်သွားလေသည်။

မရဏငရဲမြစ်ကိုရောက်တော့ နေမွန်းတည့်ချိန်ပင်နီးနေပြီဖြစ်သည်။ နှစ်ဦးသားဟာ ထူးထူးထွေထွေတိုင်ပင်စရာမလိုပဲ ငါးဖမ်းရန်ပြင်ဆင်မှုများကိုပြုလုပ်ကြသည်။ နေရောင်ဖောက်ဝင်မှုကြောင့်မြစ်ရေက ကြည်လင်ပြီး အောက်ခြေအထိပင် ထိုးဖောက်မြင်ရသည်။
သူတို့နှစ်ယောက်က ရေထဲတွင်အသက်ရှုမှုပြုလုပ်နိုင်ရန် မန္တာန်တစ်ခုကိုရွတ်ဆိုကြပြီးနောက် ရေထဲသို့ငုပ်လျိုးသွားကြသည်။ မြစ်ကြမ်းပြင်သိူ့ရောက်သည်နှင့် နှစ်ဦးသားက ကျောက်တုံးများပေါများသည့်နေရာများသို့ ဦးတည်လိုက်သည်။
မှော်ကျောက်ငါး ဆိုသည့်အတိုင်း ထိုသတ္တဝါများသည် ကျောက်တုံးများအကြားတွင်ပုန်းလျိုးကွယ်လျိုးနေလေ့ရှိကြပြီး သူတို့ကို လက်ဖြင့်ဖမ်းဆီး၍မရပေ။ သူတို့၏ ခန္ဓာကိုယ် ကကျောက်တုံးကဲ့သို့ မာကျောသော်လည်း သူတို့၏အကြေးခွံများက ချောလွန်းသောကြောင့် အထူးစီမံပြုလုပ်ထားသော ပိုက်ကွန်များနှင့်မှသာ ဖမ်းဆီးနိုင်သည်။ သူတို့က ရေစီးကြောင်းပြောင်းလဲလှုပ်ရှားမှုကို အာရုံခံပြီး ရန်သူကိုတိုက်ခိုက်ကြသည်။ ရန်သူလာမလာကို ကြိုသိနိုင်သည်။ ထို့ကြောင့် ၎င်းတို့ရှိရာသို့သွားလျှင် ရေလှုပ်ရှားမှုနည်းအောင် ပြင်ဆင်ကြရသည်။

ကျိုးထုံနှင့် ချန်ယွင်က မြစ်ကြမ်းပြင်တွင် ခြေလှမ်းတစ်လှမ်းခြင်းဆီ ဖြည်းဖြည်းချင်း လှမ်းရင်း ရေလှုပ်ရှားမှုနည်းအောင် သတိထားနေကြသည်။ တကယ်တော့ ဒီသတ္တဝါ တွေက သူတို့၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် အလွယ်တကူသတ်နိုင်ပေသည်။ သို့ပေတည့် အရှင်ဖမ်းမှသာ ရောင်းချ၍ရမည်ဖြစ်သောကြောင့် အင်မတန်မှ စိတ်ရှည်လက်ရှည်နှင့် ဖမ်းဆီးကြခြင်းဖြစ်သည်။ သို့သော် အချိန်က အများကြီးတော့မရပေ။ သူတို့ရွတ်ဆိုထားသည့် မန္တာန်၏ အစွမ်းက ရေအောက်တွင် တစ်နာရီလောက်သာ နေနိုင်သောကြောင့်ဖြစ်သည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now