အစပျိုးလာသော မုန်တိုင်း ၂

706 53 1
                                    

Unicode
ကျန်းစစ်သူကြီး ယနေ့နန်းတွင်းမှ ပြန်လာပြီးနောက် စိတ်မကြည်ဖြစ်လာခဲ့သည်။ သမီးဖြစ်သူကို သိုင်းပညာမသင်ပေးခြင်း ဝိညဉ်ကြောစမ်းသပ်ခြင်းများနှင့် ပတ်သတ်၍ မင်းသားချန်ယွင်၏ မေးမြန်းပြောဆိုမှုကြောင့်ဖြစ်သည်။ သိုင်းပညာ သင်ကြားခြင်းကိစ္စနှင့်ပတ်သတ်၍ သမီးဖြစ်သူကို စကားမဟရန် သတိပေးထားသော်လည်း ကြာကြာဖုံးကွယ်လို့မရမှန်းသူသိသည်။ သို့ပေမယ့် ဒီလောက်မြန်မြန် မင်းသားချန်ယွင် သိသွားခဲ့မည်ဟု မထင်ခဲ့။
" ကျွန်မကတော့ သမီးလေးကို ကျင့်ကြံသူတစ်ယောက်ဖြစ်စေချင်တယ်" ကျန်းသခင်မ၏ စကားကြောင့် ကျန်းစစ်သူကြီး ပို၍ဒေါသထွက်လာသည်။
"သမီးရဲ့ အခြေအနေကို မင်း အသိဆုံးပါ..သူ့ရဲ့စွမ်းအင်တွေ တိုးလာတာနဲ့အမျှ သူ့ရဲ့ကံဆိုးမှုတွေ စလာတော့မှာ။ ငါတို့ သမီးကို ငါတို့မသတ်ပစ်ချင်ဘူးဆို သူမကို ကျင့်ကြံသူ မဖြစ်စေတာ အကောင်းဆုံးပဲ"
" ပုရောဟိတ်ကြီး ကရော နည်းလမ်းရှာတွေ့ပြီတဲ့လား..သူပြောတော့ သမီးရဲ့ ကံကြမ္မာကို လဲလို့ရနိုင်မယ်ဆို..."
" ပုရောဟိတ်ကြီး ကတကယ်တမ်း သတ္တိအရမ်းနည်းတယ်..အဲ့တုန်းက ငါ့လက်ထဲမှာ သေမှာစိုးလို့ ငါနဲ့ပူးပေါင်းခဲ့ပေမယ့် သူက ဘယ်အချိန်ကြောက်ပြီး အဲ့ကိစ္စကို ဖော်ထုတ်မလဲမသိဘူး.. သူက ဘယ်အချိန်စိတ်ဖောက်မလဲမသိတဲ့ မြွေပွေး တစ်ကောင်လိုပဲ"
" ခုလည်း သူ့ရဲ့လှုပ်ရှားမှုတွေက သိပ်မူမမှန်ဘူး ဟိုတလောက အိမ်ရှေ့စံနဲ့ လက်ဖတ်ရည် တူတူသောက်တယ်လို့ သတင်းရတယ်...မိဖုရားခေါင် နဲ့ မင်းသားချန်ယွင် ကလည်း သိပ်ကိုတုံးအလွန်းတယ် နန်းတွင်းရေးမှာ ပြောင်းလဲနေတာတွေကို သူတို့သေချာမသိဘူး..ငါတို့အစီအစဉ်တွေကို မြန်မြန်စမှဖြစ်မယ်..မင်းသားချန်ယွင် အိမ်ရှေ့စံဖြစ်မှ သမီးလည်း လုံခြုံမယ်..မင်းသားချန်ယွင်ကို အိမ်ရှေ့စံနေရာ ရအောင် အမြန်ကြံစည်ရမယ်..ပြီးရင်တော့ ပုရောဟိတ်ကြီး ကို လက်စသတ်ရမယ်.."
" ရှင်အစီအစဉ်တွေကိုသာ သေချာအောင်စီစဉ်ပါ..လင်းမျိုးနွယ်စုက ကျွန်မတို့နောက်မှာရှိပြီးသားပဲ.."
" အိမ်ရှေ့စံက ထင်သလောက်တော့မလွယ်ဘူး သူ့ရဲ့လှုပ်ရှားမှုတွေက ၃နှစ်အတွင်း ပိုများလာတယ်.ငါ အခု သတင်းသဲ့သဲ့ရထားတာက သူက မြောက်ပိုင်းက မျိုးနွယ်စု နှစ်ခုနဲ့ တွေ့ဆုံမယ်လို့သိထားတယ် သူမြောက်ဖက်ကို အမဲလိုက်ရင်း တိတ်တဆိတ်တွေ့ဆုံမှာ အဲ့အချိန်မှာသာမိရင် သူ့ကို ပုန်ကန်မှု စွဲချက်တင်လို့ရတယ်.ခက်တာက အရှင်မင်းကြီးကို မြောက်ဖက် ခေါ်သွားဖို့မလွယ်တာပဲ.တခြားလူခေါ်သွားရင်လည်း အရှင်မင်းကြီးက ယုံမှာမဟုတ်ဘူး.ငါတို့မှာ အဲ့ဒီ့ပြသနာရှိနေတယ်..ရှင်မ မင်းငါ့ကို ကူစဉ်းစားပေးပါဦး"
" အရှင်မင်းကြီး မြောက်ဖက်ကို အမဲလိုက်ထွက်ဖို့က...အရှင်မင်းကြီး စိတ်ဝင်စားနိုင်မယ့် သားကောင်ရှိရင်ရပါတယ်..နှစ်တစ်ထောင် အမွှေးနီဒရယ် ဆိုရင် သူစိတ်ဝင်စားလောက်မှာပါ.."
" အမွှေးနီဒရယ်တွေက တော်တော်တောင်ရှားနေပြီလေ နှစ်တစ်ထောင်သက်တမ်းဆို ပိုရှားမှာ..အဲ့ဒီ့ကောင်ကို ဘယ်မှာသွားရှာရမလဲ.."
" ကျွန်မ အဖေဆီမှာ ရှိတယ်.. ကျွန်မ ငယ်ငယ်တုန်းက အဖေ့ရဲ့လျို့ဝှက်ဥယျာဉ်ထဲမှာ မြင်ဖူးတယ်.. ကျွန်မအဖေ့ဆီက တောင်းလိုက်မယ်..ရှင်သာ အရှင်မင်းကြီးကို သတင်းပေးပါ.. ရှင်တို့ မြောက်ဘက်အရပ်ကို ရောက်ချိန် သားကောင်လည်း အဲ့ဒီ့ကို ရောက်စေရမယ်.."
" ရှင်မ..ငါမင်းကို ကျေးဇူးတင်တယ်..မင်းက အမြဲတမ်းငါ့အတွက်အင်အားဖြစ်ပေးခဲ့တယ်..မင်းက ငါ့အတွက်တော့ ဆုလဒ်ပဲ."
ကျန်းစစ်သူကြီးက ဇနီးဖြစ်သူအား ရင်ခွင်ထဲသို့ဆွဲပွေ့ယူလိုက်ရင်း စကားဆို၏။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now