မီးလျှံတောင်ကြား မိစ္ဆာနယ်မြေ

197 23 0
                                    


စိမ်းစိမ်းစိုစို စိုက်ခင်းများနှင့် သာယာလှပသော ရွာလေး..တိုင်းပြည်၏ အဓိက လမ်းမကြီးနားတွင် တည်ရှိသောကြောင့် မကြာခဏ ခရီးသွားများ ရပ်နား၍ အနားယူရာနေရာလည်းဖြစ်သည်။

အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် ကလေးတစ်သိုက် ဆူညံစွာဆော့ကစားနေကြပြီး သူတို့အနားသို့ ခရီးသွားတစ်ယောက်ရောက်လာခဲ့သည်။ အပြာဖျော့ဖျော့ ချည်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း အပြာရောင်ချည်ကြိုးဖြင့် ချည်နှောင်ထားသည်။ ရိုးရှင်းလှသော ဆင်ယင်ထုံးဖွဲ့မှုပေမယ့် မြင်ရသူတိုင်းကို နှစ်ခါပြန်ကြည့်စေရလိုက်သော အယောင်အဝါနှင့် ဆွဲဆောင်မှုကရှိနေသည်။

ထိုလူက ကလေးတစ်သိုက်ရှေ့တွင် ခြေလှမ်းတို့ကိုရပ်လိုက်ပြီး အသက်အနည်းငယ်ကြီးပုံရသော ကလေးကို မေးလိုက်သည်။

" ကလေး..ဒီနားမှာ မင်းတို့အမြဲတမ်း ဆော့နေကြလား.."

သူ၏ရုပ်သွင်ပြင်ကဲ့သို့ပင် အသံကလည်း ထူးဆန်းသော ညို့ငင်မှုတစ်ခုပါနေသလိုပင်..

အမေးခံလိုက်ရသော ကလေးက အလျင်အမြန်ခေါင်းညိမ့်၍ ဟုတ်ကြောင်းဖြေ၏။

ထိုလူက သူ့အင်္ကျီ လက်အတွင်းမှ စာရွက်လိပ်တစ်ခုကို ထုပ်ယူလိုက်ပြီး ကလေးရှေ့တွင် ဖြန့်လိုက်သည်။

စာရွက်လိပ်တွင် ကောင်လေးတစ်ယောက်ပုံပါရှိပြီး ထိုရုပ်ပုံက သက်ဝင်လှုပ်ရှားနေသည်။ ကလေးတစ်သိုက်၏ အံ့ဩတကြီး အော်ဟစ်သံတို့ထွက်ပေါ်လာ၏။

" ဝှား..ပုံက လှုပ်နေတယ်.."
" ထူးဆန်းလိုက်တာ..အဲ့ထဲမှာ လူရောက်နေတာလား.."

" ပုံထဲက လူက သိုင်းကျင့်နေတယ်."

ကလေးတစ်သိုက်က သူ့ထက်ငါ တိုးဝှေ့၍ ရုပ်ပုံကို ကြည့်ကြပြီး မှတ်ချက်ပြုကုန်၏။

ထိုလူက စာရွက်ကို ပြန်လိပ်လိုက်ပြီး မေးခွန်းမေးလိုက်သည်။

" အဲ့ပုံထဲကလူ ဒီလမ်းက ဖြတ်သွားတာ မြင်ဖူးလား.."

ကလေးတွေက အချင်းချင်းအပြန်အလှန်ကြည့်နေကြပြီး အကြီးဆုံးကလေးမှ ပြန်လည်ဖြေလိုက်သည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now