မြေအောက်လှိုဏ်ဂူများ

180 26 7
                                    

...
မြေအောက်မှ အလျှိုလျှို ထွက်လာသော လက်တံများက များပြားလှသောကြောင့် ရှောင်တိမ်းဖို့ရန် မလွယ်ကူပေ..ဂိုဏ်းသားငယ်အချို့မှ စ၍ တဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် မြေအောက်သို့ ဆွဲခေါ်ချခြင်းကို ခံကြရကုန်၏။
ထိုသို့ဆွဲယူခံရခြင်းဟာ ကျန်းစီကျူး တို့အတွက်လည်း မလွတ်မြောက်နိုက်ခဲ့ပေ..
သူမက ကျိုးထုံ၏ ဓားပျံပေါ်မှီစီးနေရသည့်အပြင် ကျိုးထုံအတွက်လည်း ဓားပျံပေါ် တခြားလူတစ်ယောက်ပါနေသည့်အတွက် လှုပ်ရှားမှုများ အကန့်အသတ်ဖြစ်ပေါ်လာရပြီး များမကြာမှီပင် ဓားပျံပေါ်မှ ပြုတ်ကျ၍ လက်တံရှည်များ၏ ဆွဲခေါ်ရာသို့ ပါသွားလေသည်။

ကျန်းစီကျူး ဟာ သဲဆန်သောမြေမှုန်များ မျက်နှာပြင်ပေါ်ထိတွေ့မှုကိုခံစားရပြီး အသက်ရှုမှုပင် အခက်အခဲရှိလာသည်။ မြေကြီးများ မျက်နှာပြင်အနှံ့ တင်းကျပ်စွာထိတွေ့မှုအပြီးတွင် မျက်လုံးများလည်း ဖွင့်လို့မရနိုင်တော့ပဲ အသိစိတ်မလွတ်သွားအောင်သာ မနည်းကြိုးစားနေရသည်။

ခြေထောက်ကိုရစ်ပတ်ထားသည့် လက်တံရှည်ဟာ မြေအောက်အတွင်းသို့ ဆက်လက်ဆွဲခေါ်နေဆဲဖြစ်ပြီး တင်းကျပ်လှသော မြေဆိုင်မြေခဲတွေကြောင့် လှုပ်ရှားဖို့ရာလည်း မတက်သာ ခန္ဓာကိုယ် အနှံ့လည်း တိုက်မိခိုက်မိမှုတွေရှိနေသည်။

ရုတ်တရက်ကြီး သူမဟာ တင်းကျပ်မှုမှ လွတ်မြောက်သွားပြန်ပြီး သတိပြန်ဝင်လာချိန်မှာတော့ နံဘေးမှ လေဟာနယ်ကို ခံစားလိုက်ရပြီး သူမ အမြင့်တစ်နေရာမှ ပြုတ်ကျသလိုဖြစ်နေခဲ့ပြန်သည်။ အသိပြန်ဝင်လာပြီးနောက် မျက်လုံးကို ဖွင့်ကြည့်လိုက်ပေမယ့် မှောင်မည်းနေသော ဝန်းကျင်ကိုသာမြင်ရပြီး သူမအနေဖြင့် ဆက်လက်ပြုတ်ကျနေဆဲဖြစ်သည်။ ခြေထောက်ကို ရစ်ပတ်ထားသော လက်တံရှည်ကတော့ မရှိတော့ပေ။

ကျန်းစီကျူးဟာ ပြုတ်ကျမှုမှ အထိမနာစေရန် ခန္ဓာကိုယ် အနေအထားကို ထိန်းသိန်းဖို့ကြိုးစားနေရင်း တစ်ဖတ်မှလည်း အလင်းရောင်ဖော်ထုတ် မန္တာန်ကို ရွတ်ဆိုလိုက်သည်။

လက်ညိုးထိပ်မှ အလင်းရောင်အနည်းငယ်ဖြာထွက်လာပြီးနောက်မှာ သူမဟာ သူမတစ်ယောက်တည်း ပြုတ်ကျနေတာ မဟုတ်ကြောင်းနှင့် သူမတို့တွေဟာ အလွန်နက်ရှိုင်းသော မြေကျွင်းကြီးတစ်ခုထဲသို့ ပြုတ်ကျနေတာဖြစ်ကြောင်း သိလိုက်ရသည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now