မီးလျှံတောင်ကြား မိစ္ဆာနယ်မြေ

225 26 0
                                    


တောင်ကြားနယ်မြေဂိတ်ဝမှ စ၍ ပြင်းထန်သော အပူချိန်ကို ခံစားရသည်။ ချန်ယွင် တို့အဖွဲ့ ဦးဆောင်ပြီး တောင်ကြားထဲသို့ တဖွဲဖွဲ ဝင်ရောက်လာကြသူတွေဟာ ပူလွန်းလို့ ချွေးများပင် ရွှဲစိုလာခဲ့သည်။ သို့သော် ထိုအပူချိန်က တောင်ကြားအဝတွင်သာ ဖြစ်ပြီး တောင်ကြားအတွင်းတွင်တော့ ပြင်ပလောက ကဲ့သို့ သစ်ပင်များဖြင့် စိမ်းစိုအုပ်မှိုင်းနေသော သစ်တောအုပ်ကြီး တစ်ခုက ဆီးကြိုနေခဲ့သည်။

ဝင်ရောက်လာကြတဲ့လူတွေဟာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုင်ပင်စရာမလိုပါပဲ သူ တစ်လမ်း ငါတစ်လမ်း ခွဲခြားထွက်သွားခဲ့ကြ၏။ ချန်ယွင်တို့အဖွဲ့ကလည်း သစ်တောအုပ်ထဲသို့ သတိကြီးစွာထား၍ ဝင်ရောက်သွားခဲ့သည်။

ဟုန်ဂိုဏ်းချုပ်.. ဝင်ခွင့်ပေးလိုက်စမ်းပါ..သူ့အသက် သူ့ခန္ဓာကိုယ် နဲ့ သူပဲကို.. ဘာကို တားမြစ်နေစရာ လိုလို့လဲ...

ဟုတ်သားပဲ..ဒီကလေးမကို ဘာမဝင်ခိုင်းစရာရှိလို့လဲ...

အကြီးအကဲတွေ၏ တောင်းဆိုသံ..ဟုန်ရွီ က စိတ်ထဲမှ မကောင်းတဲ့ ခံစားချက်တွေကို ရရှိနေတာတော့အမှန်ပေ..သူ့ရှေ့က တခါမှ မမြင်ဖူးမကြားဖူးတဲ့ ထိုလူဟာ..လူ ဟုတ်လား မဟုတ်လား မခွဲခြားနိုင်သည့် အပြင် သူ့တပည့် ထိုမိန်းကလေး ကလည်း ထူးထူးခြားခြား လူတစ်ယောက်နှင့် အရမ်းကိုတူလွန်းနေသည်။ သူ မမေ့နိုင်တဲ့ သူ့ရင်ထဲက အစိုင်အခဲကြီးတစ်ခု..သူ့ကို ပြန်မှတ်မိနေစေပြီး ခက်တာက အခုချိန်မှာ သက်သေ တွေလည်း ရှာလို့မရသေးတာမို့ သူ ဘာမှ မလုပ်နိုင်..သူ့ရဲ့ တပည့် ကျိုးထုံ ပြန်ထွက်လာချိန်မှ မေးသင့်တာ မေးရတော့မည်...

ဟုန်ရွီ အတန်ကြာ ငြိမ်သက်နေခဲ့ပြီး နောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

" ခင်ဗျား တပည့်ကို ဝင်ခွင့်ပြုပါတယ်..တကယ်တော့ ဒီတောင်ကြားကလည်း ဘယ်သူပိုင်တယ်ရယ်လို့ရှိတာ မဟုတ်ပါဘူး..ကျုပ်က ခင်ဗျားတပည့် အသက်ဆုံးရှုံးမှာစိုးလို့ သတိပေးတာပါ..အခု သွားလို့ရပြီ.."

ဂိုဏ်းချုပ်တစ်ယောက်၏ မာနကြီးမှုက ဟုန်ရွီ ထံ ပြန်လည်ရောက်ရှိလာကာ စင်ပေါ်မှ ပြန်ထွက်သွားတော့၏။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now