သတ္ထုတွင်း

184 24 0
                                    

သတ္ထုတွင်းတွေဆီ သွားတဲ့လမ်းမှာ ကျန်းစီကျူး ဟာ အရမ်းကို တိတ်ဆိတ်နေခဲ့သည်။ စိုးရိမ်ပူပန်မှုတွေဟာ သူမမျက်နှာမှာ နေရာအပြည့်ယူထားလျက်သား...

ဒီမိန်းကလေးဟာ သူတွယ်တာမိတဲ့လူတွေအတွက်ဆို ဟန်မဆောင်နိုင်လောက်အောင် ရှိနေခဲ့သည်။ ကျိုးထုံတုန်းကလည်း ကျိုးထုံ မို့လို့ အခုလည်း သူမိတ်ဆွေ နှစ်ယောက်အတွက်အပြေးအလွှားပင်..ဒါပေမယ့် အရာရာတိုင်းကို စိတ်ထဲထည့်လွန်းတာက သူမအတွက် ပို ဒုက္ခရှာနေသလို ဖြစ်နေမှာ ရန်ရိရှင်း တွေးပူမိသည်။

သူဟာ သတ္ထုတွင်းဆီ လာလမ်းတစ်လျှောက်လုံး သူမအလိုကျ ငြိုငြင်မှုသေးသေးလေးမှ မဖြစ်ရလေအောင် ကြိုးစားခဲ့သည်။ အဲ့ဒါကြောင့်လည်း သူတို့နှစ်ယောက်ကြားက အကွာအဝေးဟာ ပို၍နီးကပ်လာနေလေပြီ။ အခုဆိုရင် သူမဟာ သူရဲ့လက်ကိုလည်း ရဲတင်းစွာဆုပ်ကိုင်လာသလို ပင်ပန်း၍ဟူ၍ အကြောင်းပြပြီးလည်း သူ့ပုခုံးပေါ် မှီတင်ထားခဲ့ချိန်များ ရှိလာနေပြီ။ ရန်ရိရှင်း အနေဖြင့် ဒီအခြေအနေကို ဝေခွဲမရသော ခံစားချက်များနှင့် ဦးနှောက်လွန်ဆွဲမှုများအကြားတွင် ရှုပ်ထွေးနေခဲ့ပြီး အလိုအလျောက်ပင် သူမအလိုအတိုင်းနေနေမိသည်။ ဦးနှောက်က နောက်ဆုပ်ဖို့ပြောပေမယ့် နှလုံးသားက သာယာနေခဲ့လေပြီ။

ယန်ဖုန်းရွင့် ၏ ဂုဏ်သတင်းကြီးမှုက ဤနေရာတွင် လက်တွေ့မြင်ရလေသည်။ သတ္ထုတွင်းပြိုကျပြီး ယန်ဖုန်းရွင့် နှင့် တပည့်နှစ်ယောက် ပျောက်ဆုံးကြောင်း ကြားသိသိခြင်း နန်းတွင်းအထောက်တော်တစ်ဖွဲ့မှာ အလျင်အမြန်ရောက်ရှိလာပြီး နောက် ကျင့်ကြံရေးလောက၏ ကျင့်ကြံသူများ အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူများဟာ ထိုနေရာသို့ အပြေးအလွှားလာရောက်လေတော့သည်။ ထိုအမျိုးသမီးတွေအထဲတွင် တချို့က ယန်ဖုန်းရွင့်၏ ကျေးဇူးရှိဖူးသူ အချို့က ယန်ဖုန်းရွင့် အပေါ် စွဲလမ်းချစ်ခင်နေသူ အချို့က ကျင့်ကြံရေးလောက၏ ကျောက်မြတ်အလှပဂေးအား နောက်ဆုံးအချိန်ထိ မမြင်တွေ့လိုက်ရမည် စိုး၍ လည်းကောင်း အသီးသီးသော ရည်ရွယ်ချက်ကိုယ်စီဖြင့် အပြေးအလွှားရောက်လာကြလေသည်။
အရင်က ခြောက်ကပ်နေသော သတ္ထုတွင်း နယ်မြေဟာ အခုတော့ နေ့ချင်းညချင်း စည်ကားသိုက်မြိုက်လျက် တည်းခိုခန်းများ စားသောက်ဆိုင်များပါ စည်ကားလာနေတော့သည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now