နိမိတ်ဆိုးနှင့်မွေးဖွားသူ ၂

1.4K 69 0
                                    

Unicode

ပုရောဟိတ်ကြီး က ကျန်းသခင်မ၏ လက်ထဲမှ ကလေးကို လုယူဖို့ကြိုးစားနေရင်း နောက်ကျောဘက်ဆီမှ လှုပ်ရှားမှုကြောင့် တစ်ချက်စောင်းငဲ့ကြည့်ပြီး အလျင်အမြန်ရှောင်ရှားလိုက်ရ၏။
" စစ်သူကြီးကျန်း ခင်ဗျား အသိစိတ်ပျောက်သွားပြီလား.. ကျုပ်က အရှင်မင်းကြီး အမိန့်နဲ့လာတယ်ဆိုတာလည်း သတိထားဦး "
ထိုစကားကြားမှ စစ်သူကြီးကျန်း လည်း လက်ထဲမှ ဓါးကိုပြန်သိမ်းလိုက်ကာ
" ပုရောဟိတ်ကြီး ဘက်ကသာ အတင်းအကျပ်မလုပ်ရင် ကျွန်တော်ဘက်ကလည်း ဒီလိုမလုပ်ပါဘူး... ပုရောဟိတ်ကြီး သက်ညှာပေးစေချင်ပါတယ်... သိတဲ့အတိုင်း ဒီကလေးက ကျွန်တော့်ရဲ့ ဆယ်နှစ်တာ အိမ်ထောင်သက်အတွင်းမှာ ခက်ခက်ခဲခဲရခဲ့တဲ့ ကလေးမို့ ကျွန်တော် မစွန့်လွှတ်နိုင်ဘူး... ပုရောဟိတ်ကြီးသာ သက်ညှာပေးမယ်ဆိုရင် အားလုံးအဆင်ပြေသွားမှာပါ.. "
" စစ်သူကြီးကျန်း ဆိုလိုတာက ကျုပ်က အရှင်မင်းကြီး ကို လိမ်ညာထွက်ဆိုပေးရမယ်လို့လား.."
" ပုရောဟိတ်ကြီး အတွက်လည်း မနစ်နာစေရဘူးလို့ ကျွန်တော် ကျန်းမင် အာမခံပါတယ် "
" ဒါက.. နည်းနည်းတော့ခက်မယ်ထင်တယ်... အရှင်မင်းကြီး အပေါ်လိမ်ညာမှု ဖြစ်တဲ့အတွက် ပေါ်သွားရင် ကျုပ်တို့အကုန်လုံးရဲ့ အသက်က... အာမခံမရနိုင်ဘူး..ပြီးတော့ ကျုပ်က ဒီလိုအရှုပ်မျိုးထဲ ဝင်ပါဖို့လည်း စိတ်ကူးမရှိဘူး... အကျိုးအမြတ် ဆိုတာကလည်း...အဟက်..စိတ်ဝင်စားဖို့ကောင်းဦးမှလေ..."
ထိုအချိန်အတွင်း သခင်မကျန်းကတော့ ကလေးကိုချီကာ အတွင်းဆောင်ထဲဝင်သွားလေ၏။

" ပုရောဟိတ်ကြီး စိတ်ဝင်စားမှာပါ... ပြီးခဲ့တဲ့လက တော်ဝင် နတ်ဗ္ဗိမာန်ရဲ့ အငယ်ဆုံး ခစားသူကောင်လေး က အကြောင်းမဲ့ပျောက်ဆုံးသွားတဲ့အကြောင်းဆို..."
ပုရောဟိတ်ကြီး ၏မျက်နှာတွင် အေးစက်တင်းမာသော အမူအယာအချို့ဖြစ်ပေါ်လာပြီးနောက် ပြန်လည်၍ အပြုံးတစ်ခုကိုဆင်မြန်းလိုက်သည်။
" တကယ်ကိုပဲ.. စစ်သူကြီးကျန်း ရဲ့ အာဏာက ပြင်းထန်တာပဲ..ချန်နိုင်ငံရဲ့ အပ်ကျမှုကအစ သိနိုင်အောင် ဂုဏ်ရှိန်က ကြီးမားလှတယ်..."
" ပုရောဟိတ်ကြီး ရဲ့ချီးကျူးမှုကို မခံယူဝံ့ပါဘူး။ အခုဆိုရင် ကျွန်တော်တို့ သဘောတူညီမှု ရပြီလို့ထင်ပါတယ် "
" ဒီလောက်နဲ့တော့... ကျုပ်ရဲ့ခေါင်းကို အပေါင်ထားဖို့ဆိုတာ..."
" ပုရောဟိတ်ကြီး စိတ်မပူပါနဲ့ အဲ့ကိစ္စကို အစအနမကျန်အောင် ကျွန်တော် ကူညီဖြေရှင်းပေးပါ့မယ်... ပြီးတော့ ခု ကျွန်တော် သမီးကိစ္စကလည်း ကျွန်တော်တို့နှစ်ယောက် ကြားမှာပဲ ပြီးဆုံးသွားမယ့်ကိစ္စပဲလေ..."
" ဟုတ်တာပေါ့ ဟုတ်တာပေါ့...စစ်သူကြီးကျန်း ရဲ့သမီးတော်လေးက နိမိတ်ကောင်းနဲ့မွေးဖွားပြီး ချမ်းသာမှုတွေ ဆောင်ကြဥ်းပေးနိုင်မှာပါ... အရှင်မင်းကြီး လည်း ဒီစကားကြားရင် ကျေနပ်မှာပါ..."
" ကောင်းတယ် ကောင်းတယ်..ခု ကျွန်တော့်သမီးရဲ့ နိမိတ်ကောင်း အတွက် ပုရောဟိတ်ကြီး ကို ကျွန်တော် ဧည့်ခံပါရစေ..ဟား.ဟား..ဟား.. ပုရောဟိတ်ကြီး ကြွပါ.."
" ဟား..ဟား..ဟား..စစ်သူကြီးကျန်းရဲ့ ဧည့်ဝတ်ကျေပွန်မှုက အတိုင်းထက်အလွန်ပါပဲ..ဟား..ဟား.."
စစ်သူကြီးကျန်း နှင့် ပုရောဟိတ်ကြီး တို့ရဲ့ သဘောတူညီမှု ပြုခဲ့ပြီးနောက် တွင်တော့ သမီးတော်၏ နာမည်ပေး အခမ်းအနားကို စတင်ခဲ့လေသည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now