ကလေးတစ်သိုက်နှင့် နေထိုင်ခြင်း

247 27 0
                                    

ကျန်းစီကျူး က သူမရှေ့မှာ တွေဝေမိန်းမောနေဆဲဖြစ်သော အဖွဲ့ခေါင်းဆောင်ကို ကြည့်နေခဲ့သည်။ အခုလက်ရှိ ရှောင်ဖန်းနှင့် အဖွဲ့ခေါင်းဆောင်မှ လွဲ၍ ကျန်လူများက အကြောပိတ်ခံထားရသည်။

ရှောင်ဖန်း- " ခေါင်းဆောင်.. ခေါင်းဆောင် ကျွန်တော်တို့ သူရဲကောင်း၍စကားအတိုင်းလုပ်သင့်တယ် ထင်..တယ်"
ခေါင်းဆောင်- " ..."
ကျန်းစီကျူး - "..."
ရှောင်ဖန်း - " ခေါင်းဆောင်..ကျွန်တော်တို့မှာ ဒီလိုကောင်းတဲ့ အစီအစဥ်မရှိဘူးလေ..သူရဲကောင်းကို ကျွန်တော်ယုံတယ်.အရင်ဆုံး သူရဲကောင်းရဲ့ အစီအစဥ်အတိုင်းလုပ်ကြည့်ရအောင်."

ခေါင်းဆောင် - " မင်း သူ့ကို တကယ်ယုံလား."
ရှောင်ဖန်း - " ဟုတ်.ယုံတယ်."
ခေါင်းဆောင် - " ကောင်းပြီလေ..မင်းရဲ့ယုံကြည်မှုကိုပဲ..ယုံလိုက်ကြတာပေါ့.."
ကျန််းစီကျူး- ပခုံးတစ်ဖတ်တွန့်၍ ပြီးတာပဲဆိုသည့် အမူအယာလုပ်.

ရှောင်ဖန်း - " ခေါင်းဆောင်..ကျေးဇူးတင်ပါတယ်..ခေါင်းဆောင်."

ခေါင်းဆောင် က သူမကိုကြည့်၍.
" ခင်ဗျားမှာ မကောင်းတဲ့အကြံအစည်ရှိခဲ့ရင် မြဲမြဲမှတ်ထားပါ..ကျုပ် သေသွားခဲ့ရင်တောင် ခင်ဗျားကို အလွတ်ပေးမှာမဟုတ်ဘူး.."
.
ခေါင်းဆောင်က သတိပေးစကားကိုပြောပြီး စခန်းချရာဂူအတွင်းသို့ ဝင်သွားခဲ့လေသည်။ ကျန်းစီကျူး မှာသာ ထိုနေရာတွင်ရပ်လျက် အံ့ဩဘနန်းကျန်ခဲ့လေသည်။

ဒီလိုနဲ့ပဲ သူမဟာ ထိုသူပုန်ကလေးများနှင့် ရက်အတော်ကြာ တူတူနေရပေတော့သည်။

ထိုသူပုန်အဖွဲ့နှင့် နေရသည်မှာ ပြသနာတစ်ခုရှိနေပေသည်။ ခေါင်းဆောင်နှင့် လူတချို့က သူမနှင့် အသက်အရွယ်သိပ်မကွာသော လူငယ်များဖြစ်ကြပြီး ကျန်တာက အရွယ်မရောက်သေးသည့် ကလေးများပင်ဖြစ်သည်။ ခက်သည်က သူတို့နေထိုင်ရာဂူက ကျဥ်းသည့်အတွက် တစ်ဦးချင်းသီးခြားနေထိုင်ဖို့ရာ မဖြစ်နိုင်ပေ။ အလွန်ဆုံးခွဲမှ ယောကျာ်းလေးတစ်ဖွဲ့ မိန်းကလေးတစ်ဖွဲ့သာ ခွဲပြီး တူတူနေထိုင်အိပ်စက်ကြရသည်။

ကျန်းစီကျူးက ယောကျာ်းလေးတစ်ယောက်အသွင်ပြောင်းထားသောကြောင့် ကျိမ်းသေပေါက် ယောကျာ်းလေးအဖွဲ့နှင့် ပူးပေါင်းနေထိုင်ရလေခြင်းပင်။ အခုချိန်ကြမှ သူမက မိန်းကလေးဖြစ်ကြောင်းပြောပြလိုက်ရင်လည်း အစကတည်းက မယုံကြည်သည့်ခေါင်းဆောင်က သူမကိုမောင်းထုတ်မည်မှာမလွဲပေ။ နောက်ဆုံးတော့ ကိုယ်ပြုသည့်ကံကိုယ့်ထံ ဆိုသလို သူမဟာ ထိုယောကျာ်းလေးတစ်သိုက်နှင့် မမြင်သင့်လျှင်မျက်စိမှိတ်နေ၍သာ နေထိုင်ရတော့သည်။

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now