တစ်ချိန်က ၂

202 23 0
                                    

" ရပါတယ်..ဒီ နိမ့်ကျတဲ့ လူကို သခင်လေး နဲ့ သခင်မလေးက အတူတူထိုင်ခွင့်ပေးတာပဲ..ကျွန်တော်ကတောင် ကျေးဇူးပြန်တင်ရဦးမှာပါ.."

ကျန်းစီကျူး ၏ စိတ်ထဲမှအတွေးများကို သူ မမှန်းဆနိုင်တော့ ဒီမိန်းကလေးဟာ ထိုလူ့အပေါ်မှာ သံယောဇဉ် တွေ ကျန်နေသေးတာလား..အသစ်တခါပြန်စတင်ချင်တာလား..သူ လိုက်မမှီနိုင်တော့...

ချန်ယွင် နှင့် ဟုန်လင်းက သူတို့စားပွဲတွင်ပဲ ဝင်ထိုင်လိုက်ကြသည်။ နှစ်ယောက်လုံးက ကျန်းစီကျူး အပေါ် စိတ်ဝင်တစားရှိနေတာတော့ မြေကြီးလက်ခက်မလွဲပေ။ သူတို့ရဲ့ အငယ်ဆုံး ကျိုးထုံဆီမှာ ဆွေမျိုးရင်းချာရှိသည်ဟု မကြားဖူးသလို ကျင့်ကြံသူမျိုးရိုးလည်း မရှိဟု သိထားခဲ့ကြရာက အခုတော့ ညီတစ်ဝမ်းကွဲတဲ့လား..ပြီးတော့ သူတို့ကို ရှောင်ချင်တဲ့ပုံလည်း ပေါက်နေပြန်တယ်...

ဟုန်လင်းက ဒီမြေခွေးကောင်လေး ကျိုးထုံရဲ့ အမြှီးကို ဆွဲနိုင်ဖို့ အများကြီးကြိုးစားခဲ့ဖူးပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ဖူးဘူး..မြွေမြွေချင်း ခြေမြင်သလိုပဲ ဒီကောင်လေးဟာ နောကိကွယ်မှာ ဖုန်းကွယ်ထားမှုတွေရှိမှန်း ရိပ်မိနေခဲ့တယ်..သူမ အဖေရဲ့ ဆရာကောင်းကျင့်ဝတ်တွေနဲ့ ချန်ယွင်ရဲ့ အကိုကျင့်ဝတ်တွေ ကာကွယ်ပေးထားလို့သာ ထိုကောင်လေး အခုချိန်ထိ ကံကောင်းနေခဲ့တာ..နောက်မို့ဆို သူမလက်ချက်နဲ့ ဒီလိုအမျိုးနိမ့် ကျင့်ကြံသူတစ်ယောက်က အတွင်းဆောင် တပည့်အဖြစ်ကြာရှည်ခံမည် မဟုတ်ပေ။ အခုတော့ ဘယ်က ပေါ်လာမှန်းမသိတဲ့ ကျင့်ကြံသူ တစ်ယောက်က သူ့ညီဝမ်းကွဲတဲ့လား..ဒါက သူမအတွက် အခွင့်အရေးတစ်ခုပဲမို့ ရှောင်ထွက်ခွင့် မပေးနိုင်ပေ။

" ငါတို့နဲ့ မိတ်ဆက်ပေးပါဦး ညီလေး."
ချန်ယွင် ကပဲ စကားဝိုင်းကို စတင်လိုက်သည်။

" ရင်းနှီးခွင့်ရတာ ဝမ်းသာပါတယ်..ကျွန်တော် က ကျိုးမျိုးရိုး နာမည်ကတော့ စီကျူး ပါ"

ကျိုး.စီ.ကျူး..သူ့နာမည်က..သူမရဲ့နာမည်နဲ့တူနေတယ်..မဖြစ်နိုင်ပါဘူး..သူမက သေဆုံးသွားပြီပဲ..နာမည်တူတာဖြစ်မှာပါ..

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now