ဒေါက်..ဒေါက်..
" ကျိုးမိန်းကလေး.. ကျွန်တော် ချန်ယွင်ပါ..ဝင်လာလို့ရမလား.."
အိပ်ယာကို ဒေါသထွက်နေသော ကျန်းစီကျူး ငြိမ်သွားသည်။ သူမက လျော့ရဲရဲဖြစ်နေသော အင်္ကျီကို ပြန်ပြုပြင်လိုက်ရင်း အကြောင်းပြန်လိုက်သည်။
" အော်..တံခါးကို စေ့ထားပါတယ်..ဝင်လာခဲ့ပါ.."
သူမက အသပ်ရပ်ဆုံးဖြစ်အောင်ပြုပြင်လိုက်သော်လည်း လက်နှစ်ဖက်လုံးက ဒဏ်ရာရထားတော့ အပေါ်ရုံကို ခြုံထားနိုင်ရုံသာ...
ချန်ယွင်က ဝင်လာပြီး တံခါးကို အညင်အသာ ပြန်စေ့လိုက်သည်။
ခုတင်ပေါ်က သူမက သူ့ကိုပြုံးပြီးကြည့်နေပေမယ့် သူမ၏ ဒဏ်ရာတွေက မြင်မကောင်းလောက်အောင် များပြားနေသည်။ တစ်ဖက်က လက်မောင်း တစ်ဖက်က လက်ဖျံ.. ဒဏ်ရာက နှစ်ဖက်စလုံးမှာဆိုတော့ သူမအနေနဲ့ လှုပ်ရှားဖို့ရာ လွယ်မည်မဟုတ်ပေ..ချန်ယွင်က ယောကျာ်းပျိုတစ်ယောက်နှင်ြ မိန်းမပျိုတစ်ယောက်အကြား စည်းကိုထိန်းသည်အနေနှင့် ခပ်လှမ်းလှမ်းမှာသာ ရပ်၍ နှုတ်ဆက်လိုက်သည်။
" အားကျူး..သက်သာရဲ့လား..ဒဏ်ရာက တော်တော်များသွားပုံပဲ.."
" ဘာမှမဖြစ်ပါဘူး..သမားတော်က အရိုးမထိသွားလို့ ကိစ္စမရှိဘူးလို့ပြောတယ်..အပေါ်ယံတင်မို့ အနားယူလိုက်ရင် ရပြီတဲ့.."
" တော်သေးတာပေါ့..ကျွန်တော်က အားကျူး တခုခုဖြစ်သွားမှာ စိုးရိမ်နေခဲ့တာ.."
" အယ်..ဘာမှမဖြစ်ဘူး.. ဘာမှမဖြစ်ဘူး. တိုက်ရင်းခိုက်ရင်းဒဏ်ရာဆိုတာ ရတက်တာပဲ..အခု အကိုချန် ရော သက်သာရဲ့လား.အဲ့နေ့က မေ့လဲသွားတာ.."
" သိဒ္ဒိ စွမ်းအင် အများအပြားထုတ်သုံးလိုက်လို့ ယာယီ မေ့သွားတာပါ..ပြန်လေ့ကျင့်ပြီး အနားယူလိုက်ရင် အဆင်ပြေသွားမှာ.."
အပြန်အလှန် မေးမြန်းခန်းထုတ်ပြီးနောက်မှာ ဘာဆက်ပြောရမလဲ မသိသည့်အခြေအနေဖြစ်သွားသည်။ တိတ်ဆိတ်ငြိမ်သက်သွားသော အခန်းအခြေအနေက စိတ်မသက်မသာ မှုကို ဖြစ်စေသလိုပင်..
ကျန်းစီကျူးက ခုတင်ပေါ်မှ ဆင်းရန်ပြင်လိုက်သည်။ သူမ၏ အပေါ်ရုံက လျှောကျမည်စိုးသောကြောင့် နာနေသောလက်ဖြင့် ထိန်းလျက်..
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...