မတော်တဆလေလား..တမင်တကာလေလား..

193 23 0
                                    

မိုယန်းမြို့ ကို ရောက်ရှိနေသည်မှာ တစ်ပတ်ကျော်သွားပြီဖြစ်သည်။ သူမက မြို့ကို လှည့်ပတ်ကြည့်ရှုရင်း အချိန်တွေကို ဖြုန်းနေခဲ့သည်။ မကြာမှီအချိန်အတွင်း မီးလျှံတောင်ကြား မိစ္ဆာနယ်မြေ ပွင့်တော့မည်ဖြစ်သောကြောင့် လာရောက်ကြသည့် ဂိုဏ်းအသီးသီးမှ တပည့်များ နှင့် တစ်ဦးချင်း ကျင့်ကြံသူတို့ဟာ မိုယန်းမြို့ဆီ တဖွဲဖွဲ ရောက်ရှိလာကြသည်။

မြို့၏ စျေးတန်းများမှာလည်း ပုံမှန်ထက် စည်ကားသိုက်မြိုက်နေပြီး မြို့အပြင်က မိုယန်းသွေးမြေပြင်မှာလည်း တစ်ယောက်နှင့်တစ်ယောက် အကဲခက်ပြိုင်ဆိုင်ကြသည့် တိုက်ပွဲတွေကလည်း နေ့စဥ်နှင့်အမျှပေ..

ကျန်းစီကျူး က နေ့တိုင်းလိုလို မိုယန်းသွေးမြေပြင် သို့သွား၍ ယှဥ်ပြိုင်တိုက်ခိုက်မှုများကို ကြည့်ရသည်ကို သဘောကျသည်။ တိုက်ပွဲများတွင် ပါဝင်ခြင်းမရှိသော်လည်း ပြိုင်ပွဲပြင်ပရှိ လောင်းကစားဝိုင်းတွင်မူ နေ်တိုင်းပါဝင်နေဆဲ..

ယှဥ်ပြိုင်တိုက်ခိုက်မှုများက ရန်ကြွေး သို့မဟုတ် အရည်အချင်းစမ်းသပ်ရန်ဟူ၍ အမျိုးမျိုးသော အကြောင်းရှိကြသော်လည်း ငွေရရန်အတွက် လောင်းကြေးထပ်ကြသည့် လောင်းကစားဝိုင်းက ပို၍ ကြီးမားနေခဲ့သည်။

" အားရိုး..လုပ်စမ်းပါ..အဲ့တစ်ယောက်ကို အမြန်သိပ်လိုက်တော့..ငါ..နင့်ဘက်မှာ အများကြီးထည့်ထားတာနော်.."

ကျန်းစီကျူး ၏ ကျယ်လောင်သော အားပေးသံက ပြိုင်ပွဲကွင်းအတွင်းဆူဆူညံညံ...ယှဥ်ပြိုင်ကွင်းအတွင်း လူနှစ်ယောက်ကတော့ နှစ်ဖက်လုံးအထိနာလျက် သွေးအလိမ်းလိမ်း ရှိနေခဲ့သည်။ မည်သို့သော ရန်ကြွေးကြောင့် တိုက်ခိုက်ကြသည်ကို မသိပေမယ့် တိုက်ပွဲကတော့ တစ်ဖက်ဖက်က သေမှ ရပ်မည်ထင်...
ဒီလို လူသေရမည့်ပွဲမျိုးက လောင်းလို့မသင့်တော်မှန်းသိပေမယ့် လောင်းကစားဝါသနာပါသော မိန်းကလေးငယ်က မရပ်တန့်နိုင်တော့ပေ။

မကြာမှီမှာပင် တိုက်ပွဲက ပြီးဆုံးသွားပြီး ကျန်းစီကျူးတစ်ယောက် ပျော်ရွှင်စွာ ပြန်ထွက်လာခဲ့သည်။ သူမ လက်ထဲမှ အနိုင်ရလာသော ငွေထုတ်ကို တမမနှင့်...

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now