အစပျိုးလာသော မုန်တိုင်း

969 48 0
                                    

Unicode

ချန်နိုင်ငံ နန်းတော်၏ မိဖုရားခေါင်ကြီး၏ အဆောင်တွင် မိဖုရားခေါင် ယန် နှင့် သခင်မ လင်းရီ (ကျန်းစစ်သူကြီး ဇနီး) တို့လက်ဖတ်ရည်သောက်ရင်း စကားစမြည်းပြောနေသည်။ ကျန်းစီကျူး နှင့် မင်းသား ချန်ယွင်မှာမူ မလှမ်းမကမ်းရှိ ဥယျာဥ်တွင်း ဆော့ကစားနေကြသည်။
မိဖုရားခေါင်ကြီးမှ သားတော်ချန်ယွင်၏ အနာဂတ်ဇနီးလောင်းနှင့် ရင်းနှီးမှုရစေရေးအတွက် တော်ဝင်စေ့စပ်ပွဲ ပြီးနောက် ကျန်းစီကျူး အား နန်းတွင်းသို့ မကြာခဏ ဝင်ခိုင်းခဲ့သည်။
ယခုချိန်တွင် ကျန်းစီကျူး သည် ၈ နှစ်အရွယ်သို့ရောက်ရှိနေပြီဖြစ်သည်။ မင်းသားနှင့် ကျန်းစီကျူး ရင်းနှီးခဲ့သည်မှာလည်း သုံးနှစ်တာကြာမြင့်ခဲ့ပြီး သံယောဇဉ် များလည်းတွယ်တာလာခဲ့ပြီဖြစ်သည်။
"ယွင် ကိုကို... ကျူးအော်ကို ဟိုက မက်မွန်ပန်းလေး ခူးပေးပါလား.."
" ကျူးအော် လိုချင်ရင် ကိုကို ခူးပေးမှာပေါ့..ဟိုထိပ်ဖျားက ကိုင်းမဟုတ်လား"
ပြောရင်း ချန်ယွင်က ခြေထောက်တစ်ဖတ်ဆောင့်ပြီး ကိုယ်ဖော့ခုန်ရင်း မက်မွန်ပန်း ကိုင်းကို ခူးလိုက်၏။ လှလှပပ ညင်ညင်သာသာလေး ခုန်ခူးရင်း ကျန်းစီကျူး ရှေ့သို့ ပြန်ကျလာ၏။ ကျန်းစီကျူး ကမူ လက်ခုပ်နှစ်ဖတ်တီးရင်း မြူးတူးပျော်ရွှင်စွာနှင့် ချီးကျူးစကား ဆိုလိုက်၏။
" ဝါး...ယွင်ကိုကို က အရမ်းတော်တာပဲ... ကျူးအော်လည်း ယွင်ကိုကိုလို သိုင်းတက်ချင်တယ်.."
" ကျူးအော်ကို ကျူးအော် ဖေဖေက သိုင်းမသင်ပေးဘူးလား.."
" ဟင့်အင်း..မသင်ပေးဘူး..မိန်းကလေးက သိုင်းသင်စရာမလိုဘူးလို့ပြောတယ်..ကျူးအော်က အမြဲတမ်း အချုပ်အလုပ် အချက်အပြုတ်ပဲသင်ရတယ်...တကယ်တော့ ကျူးအော်က သိုင်းသင်ချင်တာ.."
" ဒါပေမယ့် ကျန်းသခင်မလည်း သိုင်းတက်တယ်လေ..ကျူးအော် ကြမှ ဘာလို့ သိုင်းမသင်ပေးတာလဲ...ကိုကို စစ်သူကြီးကျန်း ကို ကူပြောပေးမယ်လေ..မိန်းကလေးဆိုပေမယ့်...ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ သိုင်းတက်ထားသင့်တာပဲ..စိတ်ချ ကျူးအော် သိုင်းပညာ သင်ကို သင်ရစေမယ်။"
" ယွင်ကိုကို ကူပြောပေးမယ်ဆိုလို့ ကျူးအော် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ဖေဖေက ခွင့်မပြုပေးလောက်ဘူး...ကျူးအော် ခု အသက် ၈ နှစ်ရှိနေပေမယ့် ဝိညဥ်ကြော စမ်းသပ်မှုလည်းမလုပ်ပေးဘူး...ပြီးတော့ နန်းတော်ကလွဲပြီး ဘယ်နေရာမှ မသွားခိုင်းဘူး...မေမေကလည်း ကျူးအော်ဘက်က မနေဘူး..ဖေဖေ့အမိန့်တိုင်းပဲ အမြဲတမ်းနေခိုင်းတယ်."
" အာ...စစ်သူကြီးကျန်း မှာ အကြောင်းရှိလို့နေမှာပါ...စိတ်မပူပါနဲ့ ဒီ ယွင်ကိုကို က ကျူးအော်အတွက် ရအောင်ပြောပေးမယ်..ဟုတ်ပြီလား."

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now