နောက်တစ်ကြိမ် ဆရာတပည့်အဖြစ်သို့...

210 29 1
                                    


" ဆရာ."

ကျန်းစီကျူး လွှတ်ခနဲ ခေါ်လိုက်မိပြီးမှ အလျင်အမြန် ပါးစပ်ပိတ်လိုက်ရ၏။ သူမ ဆရာဖြစ်သူက အဘယ်အကြောင်းကြောင့် ဒီနေရာကိုရောက်နေမှန်း သူမ မသိဘူး..ပြီးတော့ သူမတို့ နှစ်ယောက်အခြေအနေက တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသာအားရ နှုတ်ဆက်ရမယ့် အနေအထားလည်း မဟုတ်ဘူးလေ...

ဒါပေမယ့် သူမ ဆရာရဲ့ အကြားစွမ်းရည်ကို သူမ အထင်သေးခဲ့မိလေသလား..သူမအသံသေးသေးလေးက ရန်ရိရှင်း၏ နားသို့ဆိုက်ဆိုက်ရောက်လေသည်။

ရန်ရိရှင်း ရုတ်တရက်ကြားလိုက်ရသော ထိုအသံကို သူကောင်းကောင်းမှတ်မိတာပေါ့..သူ လပေါင်းများစွာ လိုက်ရှာနေတဲ့ သူ့ တပည့်မ အသံလေ..ဒါပေမယ့် စျေးလမ်းရဲ့ ဆူညံသံတွေကြောင့် ရုတ်တရက် ဘယ်ဘက်ကလည်းတော့ သေချာမကြားလိုက်..

ရန်ရိရှင်း သွားနေတဲ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး အနားတဝိုက် လှည့်ပတ်ကြည့်လိုက်၏။

အို..သူ ကြားသွားတာလား...

ကျန်းစီကျူး အလျင်အမြန်ပင် ဆိုင်ခန်းအတွင်း လူကွယ်ရာနေရာသို့ ရွှေ့ပြောင်းလိုက်၏။ သူမက တံခါးရွက်တွေကြားမှ ရန်ရိရှင်းကို ချောင်းကြည့် နေပြီး သူမ သတိမေ့နေခဲ့တာက ကျိုးကျစ်လုံ ကိုပင်..

ကျိုးကျစ်လုံက ဆေးတွေဝယ်ယူပြီးနောက်ဘက်သို့လှည့်အကြည့်မှာ သူမကို ရှာမတွေ့တော့ပေ၊..ဒီကောင်မလေး..ထွက်ပြေးသွားတာလား.ဒါပေမယ့် သူ့မွေးစားသမီးက တံခါးရွက်နောက်မှာ ခိုးကြောင်ခိုးဝှက် လုပ်နေတာကို မြင်လိုက်ရသည်။

ကျိုးကျစ်လုံ က ကျန်းစီကျူး ၏ အနောက်မှ သူမကြည့်နေရာ နေရာကို ကြည့်လိုက်သည်။ ရန်ရိရှင်း ကိုမြင်သွားပြီးနောက် သူ့ဒေါသက ပေါက်ကွဲထွက်သွားလေသည်။

" ဒီ..ဒီကောင်.."

" ဒီနေ့ ကိစ္စတွေ ရှင်းရမယ့်နေ့ပဲ.."

ကျိုးကျစ်လုံ က ကျုံးဝါးသံနှင့်အတူ သူမခေါင်းပေါ်ကနေ ခုန်ပျံကျော်ထွက်သွားသည်။ ကျန်းစီကျူး က ပါးစပ်အဟောင်းသားနှင့် ဘာတွေဘယ်လိုဖြစ်သွားမှန်း မနည်းစီစစ်နေဆဲ..

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now