270 14 2
'' အခမ်းအနား စတော့မယ်..ငါတို့ ဒီအတိုင်းပဲ သွား ရမှာလား."
ကျိုးထုံ၏ မေးခွန်းကို မည်သူမျှအဖက်မလုပ်ပေ..လက်ရှိအခြေအနေအရ ယန်မောင်နှမ နှစ်ယောက်လုံးက သူ့ကို စကားပြောဆိုဆက်ဆံခြင်းမပြုလုပ်ကြ...
ပိုင်ရိထျန်း နှင့် ယန်ဖုန်းရွှင့် ကလည်း မဖြေကြပေ..
ကျိုးထုံဟာ သူ အပယ်ခံရတဲ့ ခံစားချက်ကြီးကို ကောင်းကောင်းကြီးခံစားမိနေ၏။ သူက သူ့အမှားကို တာဝန်ယူမယ်ဆိုတော့လည်း ယန်ဇီကျူး က လက်မခံ..အချစ်မပါသည့်အိမ်ထောင်ရေးကို မလိုချင် ဟုဆိုကာ ငြင်း၏။ ယန်ဇီယွမ် ကလည်း ညီမဖြစ်သူ၏ အရှက်သိက္ခာကြောင့် အကြည့်ကိုကပင် လူသတ်ချင်နေသလို
ယန်ဖုန်းရွှင့် ကတော့ ဘာမှပြစ်တင်ပြောဆိုခြင်းမရှိပေမယ့် ဘာမှ မပြောတာကြီးကိုက သူ့အတွက် စိတ်ထဲ မနေနိုင်ဖြစ်ရသည်။
သူ့ရဲ့ ဂိုဏ်းချုပ် ပိုင်ရိထျန်း ....သူ ဘယ်သွားသွား ဘာလုပ်လုပ် အပြစ်တင်၏။
အခုချိန်မှာ ကျန်းစီကျူး သာရှိရင် သူ့ဘက်မှာ တစ်ယောက်လောက်တော့ရှိမှာပဲဟု မျှော်လင့်မိ၏။
တစ်ဖက်ကလည်း သူမအတွက် စိုးရိမ်နေရပြန်၏။
ဘာတွေက ဒီလောက်ရှုပ်ထွေးပြီး လွဲချော်ကုန်တာလဲ သူ စဥ်းစားမရတော့ပေ..
'' ဒီနေ့ပွဲကိုတော့ ဘယ်လိုဖြစ်ဖြစ် အေးဆေးသက်သာ ပြီးသွားအောင် အရင်လုပ်ကြတာပေါ့..ချန်ယွင် ကို ကျိုးမိန်းကလေး ရွာပြန်သွားတယ်လို့ပဲ ေပြာထားရမှာပဲ..အားလုံးပဲ အလျင်စလို နဲ့ ကိစ္စတွေကို ရှုပ်ထွေးအောင်မလုပ်မိဖို့ သတိထားပါ.."
ယန်ဖုန်းရွှင့် က နောက်ဆုံး မှာကြားချက်အသစ်ထုတ်လိုက်ပြီးနောက် မင်္ဂလာအချိန်အမှီ အခမ်းအနားကို တက်ရောက်ရန်သွားကြလေသည်။
..........
'' အရှင်မင်းသား..အဝတ်လဲဖို့အချိန်တန်နေပါပြီ.."
ကုန်းကုန်း ၏ စကားကို ချန်ယွင် ဖြည်းညင်းစွာသာ ခေါင်းညိမ့်လိုက်၏။ သူ့ရဲ့အတွေးအိမ်မက်ငယ်လေးဟာ အခက်အခဲတွေ များလွန်းနေသည်ဟုလည်း တွေးမိသည်။
ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now