မြေအောက်မှ မကောင်းဆိုးဝါး

178 22 2
                                    


ကျိုးထုံဟာ ကောင်းကင်ဓားဂိုဏ်းနဲ့ ခရီးဆက်နေရပေမယ့် သူ့အတွေးတွေကတော့ ကျန်းစီကျူး ထံတွင်သာ..

သူတို့တွေဟာ ဓားပျံစီးနင်းရင်းမှ ထူးခြားတဲ့ မှော်သတ္တဝါအများအပြားကို ရှာဖွေတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ပြီး နေမဝင်ခင်အချိန်တွင်း အနားယူရန်အတွက် ကြီးမားပြီးမြင့်မားတဲ့ သစ်ပင်ကြီးတစ်ပင်အောက်ကို ရွေးချယ်လိုက်သည်။

ဂိုဏ်းသားတွေဟာ ကိုယ်စီအစုအဖွဲ့လေးများဖြင်​့ တစ်နေ့တာလုံးဖြစ်ပျက်သမျှတွေကို ဆွေးနွေးနေရင်း သူတို့အချင်းချင်း ရရှိလာခဲ့ကြတဲ့ အမြူတေတွေ ရတနာပစ္စည်းတွေကို အပြန်အလှန်လေ့လာကြည့်ရှုနေခဲ့သည်။

မကြာခင် နေဝင်သွား၍ အမှောင်ရိပ်က တဖြည်းဖြည်း ကြီးစိုးလာပြီးနောက် ချန်ယွင် က သူတို့ကို အနားတွင် စုစည်း၍သာနေစေပြီး သူတို့တဖွဲ့လုံးအတွက် အရန်အတား စည်း ကို စီရင်လိုက်သည်။

စည်းဝိုင်းအလယ်တွင် ရွှေရောင်တဖိတ်ဖိတ်တောက်နေသော သိဒ္ဒိစွမ်းအင်သုံး မီးပုံဟာ အလျှံညီးညီးတောက်နေခဲ့ပြီး အဝေးတစ်နေရာမှပင် လှမ်းမြင်ရလောက်အောင် တောက်ပလွန်းလှသည်။ မီးအလျှံရဲ့ သိဒ္ဒိ စွမ်းအင်ဟာ ခပ်ဝေးဝေးမှပင် ခံစားမိစေပြီး မှော်သတ္တဝါများကို ကြောက်ရွံ့ရှောင်ရှားစေခဲ့သည်။

မီးပုံ နှင့်အနီးဆုံးနေရာတွင် ချန်ယွင် နှင့် ဟုန်လင်းက ထိုင်နေခဲ့သည်။ ကျိုးထုံက မလှမ်းမကမ်း.. ဟုန်ကုမင်ကတော့ သူတို့နဲ့ဝေးရာ စည်းအစပ်နားတွင် တရားထိုင်ကျင့်နေခဲ့သည်။

ဟုန်လင်း - ယွင်ကိုကို ဒဏ်ရာက အဆင်ပြေရဲ့လား..နာနေသေးလား

ချန်ယွင် - ကောင်းသွားပါပြီ..အပေါ်ယံရှပ်ထိတာပါ..လင်းအော်လည်း အနားယူတော့လေ..ဒီမှာ ငါစောင့်ကြည့်ထားလိုက်မယ်

ဟုန်လင်း - ယွင်ကိုကို က ဒဏ်ရာရထားတဲ့သူလေ အရင်အနားယူသင့်တာပေါ့ အဖွဲ့ကို လင်းအော်ကြည့်ပေးထားပါ့မယ်..ယွင်ကိုကိုရဲ့ သိဒ္ဒိ စွမ်းအင်ကို ထပ်လေ့ကျင့်ပေးဖို့လိုတယ်မလား..

ချန်ယွင် - ရပါတယ်..

ကျိုးထုံ - အကို ၂ နဲ့ ဆရာတူအမ အနားယူလိုက်ပါ ကျွန်တော် စောင့်ပါ့မယ်.

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now