Chapter : 103

376 83 6
                                    

Zawgyi version

အစက ရူရီက သူ့ရဲ့ပြိုင်ဘက်ကို လီယွင်ချင်း ဒါမှမဟုတ် လုံဇယ်ကျင့်ထျန်း ဖြစ်စေချင်ခဲ့တယ်။ သူမတွေးမိခဲ့တာတော့ အဆုံးမှာ သူ ပိုင်ယီယွဲ့ကို မဲနှိုက်မိခဲ့မယ်ဆိုတာကိုပဲ။ ဒါကို သူ့ကို ခေါင်းကိုက်စေတယ်။

အစတုန်းက သူက မိန်းကလေးတွေနဲ့ မပြိုင်ချင်ဘူး။ ယောက်ျားချင်းဆိုရင် သူ့စိတ်ထဲရှိတဲ့အတိုင်း တိုက်ခိုက်လို့ကောင်းပေမယ့် တဖက်လူက မိန်းကလေးဖြစ်နေတော့ ဒါက ရက်စက်ရာကျနေလိမ့်မယ်။ တဖက်လူကို သူ့ကြောင့် ဒဏ်ရာရသည်ဖြစ်စေ သေဆုံးသွားသည်ဖြစ်စေ ဒါက ပြသနာတက်သွားနိုင်တယ်။ အထူးသဖြင့် ပိုင်ယီယွဲ့လို လှပတဲ့ မိန်းကလေးတယောက်ကို သူ့အနေနဲ့ မလုပ်ရက်ဘူး။

ဖြစ်နိုင်တာက ရူရီမှာ အမွှာအစ်မ ကိရှောင် ရှိနေတဲ့အတွက် မိန်းကလေးတွေအပေါ် ပိုပြီး အလေးထားမှု ရှိနေတာပဲ ဖြစ်မယ်။ ဖုန်းချန်ဘေးနားမှာ နေနေရတော့ ပုံမှန်အားဖြင့် ဖုန်းချန်ကို အရိုအသေမဲ့တဲ့ မိန်းကလေးတွေကလွဲပီး တခြားမိန်းကလေးတွေကို သူက ထိခိုက်အောင် လုပ်လေ့မရှိဘူး။ အခု သူ့ပြိုင်ဘက်က မိန်းကလေးတယောက်ဖြစ်နေလေတော့ သေချာပေါက် သူရှုံးဖို့ပဲ။

သူ့ဝင်မပြိုင်လို့ရင် သူ ရှုံးပြီး သူလည်းပဲ မျက်နှာပျက်ရလိမ့်မယ်။ သူဝင်ပြိုင်လို့ နိုင်ရရင်ရော တော်တော်ရှက်စရာကောင်းလိမ့်မယ်။ ရှုပ်ထွေးရင်း ဝိရောဓိဖြစ်ရင်းနဲ့ပဲ သူဟာ စင်မြင့်ပေါ်ကို တက်သွားတော့တယ်။

သူ အဲ့ဒီကို ရောက်ရှိတဲ့အချိန်မှာပဲ ပိုင်ယီယွဲ့က သူ့ကို ပြုံးပြလိုက်တယ်။ ရူရီက သူပြန်ပြုံးမပြရင် မှန်တယ်လို့ မထင်ဘူး... မပြုံးပဲ ခပ်တည်တည်နေပြန်တော့မယ် မှန်တယ်လို့ မထင်ပြန်ဘူးဖြစ်နေတယ်။ သူ့နှုတ်ခမ်းက အနည်းငယ် တွန့်သွားတယ်။ နောက်ဆုံးတော့ သူ့ရဲ့ဖော်ရွှေမှုကို ထိန်းချုပ်မထားနိုင်တော့ပဲ ပိုင်ယီယွဲ့ကို လက်ဝေ့ရမ်းပြမိတယ်။ သူ့ရဲ့အမူအရာ​တွေ ဘယ်လိုရှက်ကိုးရှက်ကန်ုးဖစ်တယ်ဆိုတာကို အခု သူ့အမူအရာတွေက ဖော်ပြလို့နေတယ်။ ချက်ချင်းပဲ ပရိတ်သတ်ဆီမှ ရယ်သံတစုက ထွက်ပေါ်လာတယ်။ ရူရီမျက်နှာက နီရဲလာတယ်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now