Chapter 100

548 102 15
                                    

ဖုန်းချန် ဒီလိုပြောတာ ကြားတော့ နလန်ရှင်းက ရယ်မောလိုက်တယ်။

"ဝမ်ရယ်... အရင်တုန်းက မိုယုရဲ့ မိုဇွင်အကြီးအကဲဟာ မိုယုနဲ့ ဖိုရှန်မင်တို့ အမျိုးတော်သွားအောင် တုရှန်းအာကို ဝမ်ရယ်နဲ့ လက်ထပ်စေချင်ခဲ့တယ်... ဝမ်ရယ်က အဲ့ဒီနှစ်တွေတုန်းက မငြင်းဆန်ခဲ့တော့ မိသားစုနှစ်ခုဟာ အခုချိန်မှာ တခုတည်ုးဖစ်ကောင်းဖြစ်နေနိုင်တယ်"

"အိုး..."

ဖုန်းချန်က နောက်မှာရှိတဲ့ ကြိမ်ထိုင်ခုံပေါ်ကို အနည်းငယ် မှီချလိုက်တယ်။ သူ ပြုံးနေတယ်။ ဒါပေမယ့် မျက်လုံးတွေက အေးစက်နေတယ်။

"တုရှန်းအာ ဘယ်လောက်ပဲ ကောင်းနေပါစေ သူမက ဘယ်လိုလုပ် ငါ့ရဲ့ ဝမ်ဖေးလေးနဲ့ ယှဉ်နိုင်ပါ့မလဲ? မိုဇွင်က ငါ့အသက်ကို ကယ်ပေးခဲ့တာ မှန်ပေမယ့် ကျေးဇူးတရားကို ငါ့ရဲ့ ပျော်ရွှင်မှုနဲ့တော့ ပြန်ပေးဆပ်မှာ သေချာပေါက် မလုပ်ဘူး... အဲ့ဒီနှစ်တုန်းက တုရှန်းအာကလည်း ကလေးပဲ ရှိတာ... ငါက ကလေးတွေကို လိင်စိတ်တိန်းညွှတ်နေတဲ့သူမဟုတ်ဘူး"

ဖုန်းချန်က ကလေးသူငယ်တွေကို လိင်စိတ်တပ်မက်သူ လို့် ပြောလိုက်တော့ နလန်ရှင်းက တခလောက် အံသြသွားတယ်။ ထို့နောက် သူချက်ချင်းပဲ နားလည်လိုက်တယ်။ ဒါဟာ မုရုံချီချီဆီက ဝမ်ရယ်သင်လာတဲ့ စကားလုံးအသစ်ပဲ ဖြစ်မယ်။ ခုတလောမှာ ဝမ်ရယ်ရဲ့ စကားလုံးဝေါဟာရတွေဟာ တော်တော်လေး များပြားလာတယ်။  အားလုံးဟာလည်း အထူးအဆန်းတွေချည်းပဲ။ ကြည့်ရတာ ဝမ်ရယ်ဟာ သူ့ဝမ်ဖေးလေးရဲ့ နက်နက်နဲနဲ လွှမ်းမိုးထားခြင်းကို ခံနေရတာပဲ။

"ဒါကြောင့် ကျွန်တော်တို့ဖိုရှန်မင်က ဆယ်နှစ်အတွင်း မိုယုကို မထိပါဘူးလို့ ဝမ်ရယ်က မိုဇွင်ကို ကတိပေးခဲ့တာပေါ့... မိုယုကို ဘေးကင်းအောင် လုပ်ပေးထားခြင်းကလည်း မိုဇွင်ကို ပြန်ပေးဆပ်တယ်လို့ ယူဆလို့ရတာပဲ... ပြီးခဲ့တဲ့ ငါးနှစ်အတွင်း တုရှန်းအာရဲ့ ခေါင်းဆောင်မှုအောက်မှာ မိုယုက တော်တော်လေး တိုးတက်လာခဲ့တယ်... ဝမ်ရယ်... ဒီလေးနိုင်ငံအတွင်းမှာ ကျွန်တော်တို့ကို အင်အားချင်းညီမျှနိုင်တာ မိုယုပဲ ရှိတယ်"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now