Zawgyi version
ဝမ်ရမ်ခန် စင်ပေါ် တက်သွားတော့ မုရုံချီချီက သူမထိုင်ခုံမှာ ရောက်နေပြီး ဖုန်းချန်ရဲ့ လက်မောင်းကို ရစ်တွယ်လိုက်တယ်။ သူမက ပျင်းရိစွာနဲ့ လုံဇယ်ကျင့်ထျန်းကို ကြည့်လိုက်တယ်။
"သူ့ကို ကြည့်မနေနဲ့!"
မုရုံချီချီအကြည့်တွေ လုံဇယ်ကျင့်ထျန်းဆီ ရောက်နေတာ အာရုံခံမိတော့ ဖုန်းချန်က မုရုံချီချီမျက်နှာလေးကို သူ့ဘက်သို့ ပြန်ဆွဲလှည့်လိုက်တယ်။
"ကိုယ်က လွဲရင် တခြားဘယ်ယောက်ျားကိုမှ မကြည့်နဲ့... အထူးသဖြင့် သူ့ကို!"
"ဘာလို့လဲ? ဘာကြောင့် သူက အထူးသဖြင့် ဖြစ်ရတာလဲ?"
ဖုန်းချန်ရဲ့ မျက်ဝန်းတွေထဲက ခိုင်မာအားကောင်းတဲ့ သဝန်တိုမှုတွေကေို မြင်တော့ မုရုံချီချီက မသိချင်ယောင်ဆောင်လိုက်တယ်။ မုရုံချီချီက သခင်ငယ်ထက်တောင် အပြစ်ကင်းစင်သယောင် သူမမျက်ဝန်းကို ပြူးကျယ်ဝိုင်းစက်အောင် ဖွင့်ရင်း ဖုန်းချန်ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်သည်။
"ဝမ်ရယ်... ကျွန်မကို ပြောပြအုံးလေ"
"ခွိခွိ"
သူတို့သခင်မလေးရဲ့ အမူအယာတွေက သူတို့ကူယွဲ့ဆီကို ပြည်တည်တည်လိုလို ဖြစ်နေတော့ သူတို့စုံတွဲ ချစ်စကားဖလှယ်ပြောဆိုဖို့ နေရာရရန်အလို့ငှါ စုမိန်နဲ့ စုယွဲ့က ပြုံးနေရင်းနဲ့ နောက်ဘက်ကို ရွေ့သွားတယ်။
"မကြည့်နဲ့ဆိုတာ မကြည့်နဲ့ပဲ!"
လုံဇယ်ကျင့်ထျန်းက မုရုံချီချီကို ကြည့်တဲ့ပုံစံကို ဖုန်းချန်က မကြိုက်ဘူး။ လီယွင်ချင်းလည်း မုရုံချီချီကို ပုံမှန်မဟုတ်သလို ကြည့်သော်လည်း အနည်းဆုံးတော့ လုံဇယ်ကျင့်ထျန်းနဲ့ မတူပဲ စိတ်ဖြေလို့ ရသေးတယ်။ လုံဇယ်ကျင့်ထျန်းရဲ့ အကြည့်က သားကောင်ကို ကြည့်နေတဲ့ မုဆိုးအကြည့်လိုပဲ။ ဒါ့အပြင် အရင်တုန်းက လုံဇယ်ကျင့်ထျန်းနဲ့ မုရုံချီချီကြား လက်ထပ်ဖို့ စီစဉ်ပေးခဲ့တာ ရှိခဲ့သေးတယ်။ သူ့ကို 'စေ့စပ်ကြောင်းလမ်းခြင်းဖျက်သိမ်းလွှာ' ရေးခိုင်းခဲ့တဲ့ ပြသနာတစုံတရာသာ မဖြစ်ခဲ့ဘူးဆိုရင် မုရုံချီချီက သူ့ရဲ့ ကျင်းဝမ်ဖေးဖြစ်နေပြီ။