Zawgyi Version
"ချန်..."
မုရုံချီချီ စကားပြောလို့ မဆုံးခင်တွင် တစုံတယောက်က တံခါးဝတွင် ပေါ်လာသည်။
"သခင်... ဘာကိစ္စရှိလို့ပါလဲ?"
"ထွက်သွား!"
ဖုန်းချန်အသံက အပြင်ဘက်တွင် ရပ်နေသော လူအား တခဏတာ ကြောင်အသွားစေသည်။ သူက ချက်ချင်း ထွက်ခွာသွားသည်။
"ချင်းချင်း..."
ဖုန်းချန်က မုရုံချီချီမျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူမမျက်လုံးများမှာ အလွန်လှပပြီး ကောင်းကင်ပေါ်ရှိ ကြယ်များထက် မလျော့ပေ။ ပထမဆုံး သူမမျက်လုံးမှာ သူ၏ စိတ်နှင့်ဝိညာဉ်ကို မိုးမျှော်ဇောက်ထိုး ဖြစ်စေပြီး သူ့ကိုယ်သူ လွတ်မြောက်နိုင်စွမ်း မရှိအောင် နက်နက်ရှိုင်းရှိုင်းကျဆုံးသွားစေသည်။
"ချင်းချင်း... မင်း ဒီနေ့ ဘာပြောခဲ့လဲ? အဲ့ဒါကို ထည့်တွက်လို့ ရသေးလား? "
ဖုန်းချန်လက်က သူ့ကိုယ်ကို ထောက်ပံ့ပေးထားသည်။ သူ့၏ ရှည်လျားသော ဆံပင်များမှာ မုရုံချီချီအပေါ် ကျဆင်းနေသည်။ သူ့မျက်လုံးများမှာ စိတ်အားထက်သန်သော ဆန္ဒများဖြင့် ပြည့်နှက်နေကာ မုရုံချီချီအဖြေအား စောင့်ဆိုင်းနေသည်။
"ဒီနေ့ ကျွန်မ ဘာပြောခဲ့တာလဲ?"
ဖုန်းချန်ဆိုလိုသည့် သည်ဝါကျကို မုရုံချီချီက အဘယ်သို့ မှတ်မိနိုင်မည်နည်း?
ဒီအချက်ရောက်သည့်တိုင် မိန်းကလေးက ရှုပ်ထွေးနေသည်ကို မြင်သောအခါ ဖုန်းချန်က ခါးသက်စွာ ရယ်မောလိုက်သည်။ ရုတ်တရက် သူက လှဲချလိုက်ကာ မုရုံချီချီနှုတ်ခမ်းအား နမ်းလိုက်သည်။ သူ့လျှာက သူမပါးစပ်ပွင့်ဟသွားအောင် ထိုးခွဲလိုက်ကာ မြင့်မြတ်သည့် အခမ်းအနားကို ပြုလုပ်နေသည့် အလား သူမ၏ မွေးရနံ့များကို သက်သက်မဲ့ အတင်းအဓမ္မလုယူကာ သူမခံတွင်းတစ်ခုလုံးကို သူ့အရသာများဖြင့် ကူးစက်ပျံ့နှံ့စေသည်။
ပုံမှန် နူးညံ့သိမ်မွေ့မှုများဖြင့် ကွဲပြားခြားနားကာ ဒီနေ့ ဖုန်းချန်သည် ဆာလောင်နေသော မြေခွေးတစ်ကောင်လို ရူးသွပ်ကာ ချစ်စိတ်ပြင်းပြနေသည်။