Chapter 125

316 63 7
                                    

Zawgyi Version

"ချင်းချင်း..."

ဖုန်းချန်​သည်​ သူ့နှလုံးသား​အောက်​​ခြေမှပင်​ ​ပျော်​ရွှင်​မိသည်​။ သူ ​ရွေးချယ်​ထား​သော မိန်းက​လေးသည်​ အမှန်​တကယ်​ပင်​ တခြားသူများနှင့်​ ခြားနားလှ​လေသည်​။

တုန်​လှုပ်​နိုင်​​သော စွမ်းအားကို ရ​ရှိ​စေရန်​ ​ယောက်ျားများထက်​ အလိုရမ္မက်​ကြီး​သော မိန်းမများကို သူ မြင်​ခဲ့ဖူးသည်​။ ထို​နေရာကို ရရှိဖို့ဆိုပါက ဘာမဆို လုပ်​ရဲသည်​။ သူတပါးကို ထိခိုက်​​စေရုံသာမက သူတို့ကိုယ်​သူတို့ပါ ထိခိုက်​ခံနိုင်​သည်​။ ရိုးရှင်းသည့်​ လူတ​ယောက်​ ဖြစ်​ရခြင်းမှ သူတို့သည်​  ရှုပ်​​ထွေး​ပွေလီ​သော သူများအဖြစ်​ ​ပြောင်းလဲသွားကြသည်​။ စိတ်​​ကောင်းနှလုံး​ကောင်းရှိသူ တ​ယောက်​အဖြစ်​မှ ရက်​စက်​သူများ ဖြစ်​လာသည်​။ မုရုံချီချီက အာဏာကို ကြိုက်​နှစ်​သက်​မှာ သူစိုးရိမ်​ခဲ့သည်​။ မုရုံချီချီလိုပဲ သူက အ​တွေးတူခဲ့လိမ့်​မည်​ဟု သူ ထင်​မှတ်​မထားခဲ့​ပေ။ သူ့မိန်းက​လေးက အမှန်​တကယ်​ကို သူနှင့်​ လိုက်​ဖက်​ညီလှသည်​။

"အဲ့ဒီအ​ကြောင်းကို ​ပြောရရင်​ ကျွန်​မတို့ သာမာန်​လူ​တွေလို ဘာမှ မရှိသလို ​နေကြရင်​ မ​ကောင်းဘူးလား ဝမ်​ရယ်​ ရှင်​​ကော ဘယ်​လိုထင်​လဲ?"

မုရုံချီချီက ပြုံးလိုက်​ကာ သူမ၏ ​တောက်​ပ​သော မျက်​လုံးများတွင်​ ကြင်​နာမှုများ ​ရောင်​ပြန်​လက်​​နေသည်​။

"ဒါ့အပြင်​ ဝမ်​ရမ်​လဲ့က ကျွန်​မတို့ ရန်​သူပဲ! ကျွန်​မတို့ ဒါကို လွှတ်​ချလိုက်​ရင်​​တောင်​ တ​ယောက်​​ယောက်​က ဆန္ဒမရှိ​နေမှာ စိုးရတယ်​"

"မင်း ဆိုလိုချင်​တာက..."

"ဖုန်းရှဲ့နဲ့ ဝမ်​ရမ်​မင်​ယွဲ့က ကျွန်​မမိဘ​တွေ ဖြစ်​ပြီး သူတို့ ​သေဆုံးမှုက ဝမ်​ရမ်​လဲ့နဲ့ ပတ်​သက်​​နေတယ်​ဆိုကတည်းက ကျွန်​မ သူတို့အတွက်​ လက်​စား​ချေ​ပေးရလိမ့်​မယ်​။ ဒါ့အပြင်​ သူတို့နှစ်​​ယောက်​က ရှင့်​ကို ကယ်​တင်​​ပေးခဲ့တဲ့ ​ကျေးဇူး၊ ပျိုး​ထောင်​​ပေးခဲ့တဲ့ ​ကျေးဇူးလည်း ရှိ​နေ​သေးတယ်​။ လူတ​ယောက်​ ကြီးပြင်းလာ​အောင်​ ​မြေ​တောင်​​မြှောက်​​ပေးခဲ့တာက လူတ​ယောက်​ ​မွေးဖွား​ပေးခဲ့တာထက်​ ​ကျေးဇူးပိုကြီးတယ်​ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်​မလား? ဒါ​တွေ အားလုံးကို စာရင်းချုပ်​ကြည့်​ရင်​ ကျွန်​မတို့ ဝမ်​ရမ်​လဲ့ကို လွှတ်​​ပေးလို့ မရနိုင်​ဘူး"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now