Zawgyi Version
ဝမ်ရမ်ခန်၏ ရောက်ရှိလာမှုသည် လေထုတခုလုံးကို သက်တောင့်သက်သာ ဖြစ်သွားစေသည်။
"ဝမ်ဖေး... ဂုဏ်ယူပါတယ်!"
ပိုင်ယီယွဲ့ကလည်း ရှေ့ထွက်လာကာ ဂုဏ်ပြုစကား ပြောဆိုလိုက်သည်။
လူတွေ ပိုပြီး ပိုပြီးများလာကာ ဖုန်းချန်နှင့် မုရုံချီချီတို့အား ဂုဏ်ပြုစကား ဆိုကြလေသည်။ ဖုန်းချန်က အလွန်ပျော်နေသည်။ သူ့မျက်နှာက ပီတိအပြုံးတခုကို ပြသနေသည်။ သူတို့အား ဂုဏ်ပြုစကားဆိုနေသည့် လူအများကြီး ရှိနေသည်။ နောက်ဆုံးတွင် ဖုန်းချန်က သူ့အား ကူညီရန် ဝမ်ရမ်ခန်က ဆုပ်ကိုင်လိုက်သည်။ သူကိုယ်တိုင်ကမူ ထွက်ခွာခွင့် တောင်းခံရန် ဝမ်ရမ်လဲ့ထံ မုရုံချီချီအား ခေါ်ဆောင်သွားလေသည်။ သူတို့က နန်းတော်မှ လျင်မြန်စွာ ထွက်ခွာကာ နန်လင်းမင်းသားအိမ်တော်သို့ ပြန်လာကြသည်။
"မယ်တော်... ဒီကလေး ဘယ်လောက်စိတ်မရှည်တဲ့ပုံ ဖြစ်နေတာလဲကို ကြည့်ပါအုံး! နောက်နှစ်လောက်ကျ မယ်တော်တော့ မြစ်တော်လေးကို ချီနိုင်ကောင်းရဲ့"
ဝမ်ရမ်လဲ့က တုန်ဖန်လန်ကို ထောက်ခံလိုက်သည်။
"အခု မယ်တော် စိတ်အေးနိုင်ပြီလား?"
"စိတ်အေးဖို့ မအေးဖို့ဆိုတာ သိဖို့ မနက်ဖြန်မနက်ထိ စောင့်ဖို့ လိုသေးတယ်"
တုန်ဖန်လန်က ဖုန်းချန်နှင့် မုရုံချီချီတို့အတွက် အလွန်ပျော်ရွှင်နေသော်လည်း အရင်က သေဆုံးသွားခဲ့တဲ့ မိန်းမတွေအကြောင်းကို တွေးမိသောအခါ သူမက မျက်မှောင်ကြုတ်ကာ အလွန်စိုးရိမ်ပူပန်လာသည်။
ဖုန်းချန်သည် နောက်ဆုံးတော့ သူချစ်သည့် မိန်းကလေးနှင့် တွေ့ဆုံခဲ့သည်။ မုရုံချီချီသာ အရင်မိန်းမတွေလို သေဆုံးသွားခဲ့ရင် တချက်တည်းနဲ့ ဖုန်းချန်ပါ ပျက်စီးမသွားဘူးလား? အဖွားတယောက်အနေဖြင့် တုန်ဖန်လန်သည် သည်တဦးတည်းသော မြေး(သမီးမှ မွေးသော မြေး)အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာမှာ အလွန်သိသာထင်ရှားသည်။