Chapter 131

244 50 0
                                    

Zawgyi Version

ထိုသို့ ​တွေးပြီး​နောက်​ စုမိန်​လည်း ငြိမ်​ကျသွားသည်​။ သူမ​ရှေ့ရှိ လှပသည့်​မိန်းက​လေးနှစ်​​ယောက်​ကို ကြည့်​ရင်း မုရုံချီချီက သက်​ပြင်းချလို​က်​သည်​။ သူမက သူတို့ဆီကို ​လျှောက်​သွားလိုက်​သည်​။ သူမဘယ်​လက်​က စုမိန်​ကို ကိုင်​ထားပြီး ညာလက်​က စုယွဲ့ကို ကိုင်​ထားသည်​။

"နင်​တို့နှစ်​​ယောက်​လုံး အရူး​လေး​တွေပဲ ဟမ်​! ငါ မင်းတို့သခင်​​မ​လေးရဲ့ အရည်​အချင်းနဲ့ဆို ဘယ်​လိုလုပ်​ ငါ့ကိုယ်​ငါ ဂရုမစိုက်​ဘဲ ​နေရမှာလဲ? အမျိုးသားနဲ့ အမျိုးသမီး​တွေဟာ အ​ရွယ်​​ရောက်​လာချိန်​မှာ လက်​ထပ်​ဖို့ လိုတယ်​။ နင်​တို့သာ ငါ့အနား အမြဲ​နေ​နေရရင်​ နင်​တို့ဘဝ​တွေနဲ့ လွဲ​ချော်​သွားရင်​ ဘယ်​လိုလုပ်​မလဲ? ငါ့မှာ ညီအစ်မ​တွေ မရှိတဲ့အတွက်​ နင်​တို့နှစ်​​ယောက်​ကို ငါ့ရဲ့ညီအစ်​မရင်း​တွေလို သ​ဘောထားတယ်​။ နင်​တို့သာ မ​ပျော်​ရွှင်​နိုင်​ရင်​ ငါလည်း ​ပျော်​ရွှင်​နိုင်​မှာ မဟုတ်​ဘူး"

"ဒါ့​ကြောင့်​ နင်​တို့ ချစ်​ရတဲ့သူ ​တွေ့လာခဲ့လို့ ဆက်​ဆံ​ရေးတခုကို လိုက်​ပါချင်​လာတဲ့အခါကျရင်​ နင်​တို့ကိုယ်​နင်​တို့ လွှတ်​​ပေးပြီး ရဲရဲဝံ့ဝံ့ချစ်​ရမယ်​။ ကံတရားသာ ​လွဲ​ချော်​ခဲ့ရင်​ နင်​တို့ဘဝတစ်​ခုလုံး ​နောင်​တရလိမ့်​မယ်​။ နင်​တို့အသက်​ကြီးလာမှ ဒီ​နေရာမှာ ထိုင်​ပြီး အတိတ်​ကို ​နောင်​တရတာမျိုး ငါ မမြင်​ချင်​ဘူး"

"သခင်​မ​လေး..."

မုရုံချီချီစကားက မိန်းက​လေးနှစ်​​ယောက်​ကို ရယ်​​မော​စေကာ လှုပ်​ရှားလည်း လှုပ်​ရှားလာ​စေသည်​။

မုရုံချီချီက သူမတို့၏ သခင်​ဖြစ်​​သော်​လည်း သူမတွင်​ သခင်​ဟု​သော ​မောက်​မာမှုမျိုး မရှိ​ပေ။ ထိုအစား သူမက သူတို့ကို အလွန်​ခွင့်​လွှတ်​မှု ​ပေးခဲ့သည်​။ သူမက တကယ်​ကို သူတို့ညီအစ်​မလိုပင်​။ မုရုံချီချီ​ဘေးတွင်​ ​နေထိုင်​ခွင့်​ရနိုင်​ခြင်းသည်​စုမိန်​နှင့်​ စုယွဲ့တို့ဂုဏ်​ယူရ​သော အရာပင်​ ဖြစ်​သည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now