Chapter 107

371 74 13
                                    

Zawgyi version

ဖုန်းချန်အဖြေသည် မုရုံချီချီအား အံ့သြသွားစေသော်လည်း သေချာစဉ်းစားကြည့်ပါက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသည်။ သို့သော်လည်း ဖမ်းလိုင်ကျွန်းသည် ကုန်းမြေမကြီး၏ ကိစ္စများတွင် ဝင်ရောက်လေ့မရှိသည် မဟုတ်ပါလော? အဘယ်ကြောင့် ခုတခေါက်တွင် တုလုအား ကူညီရပါသနည်း?

မုရုံချီချီက တဖန်စဉ်းစားခန်းဝင်နေသည်ကို မြင်သော် ဖုန်းချန်မှာ သူမနဖူးအား နမ်းရှိုက်မိသည်။

"ကောင်းပြီ! ချင်းချင်း... ဒါကို ဆက်တွေးမနေနဲ့တော့! ကိုယ် လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်။ ဒီနေ့ မင်း တော်တော်လေး ကြိုးစားခဲ့ရတယ်။ မင်း ကောင်းကောင်းအနားယူဖို့ လိုအပ်နေသေးတယ်။ ဒီမှာ ရေပူစမ်းတစ်ခု ရှိတယ်။ အဲ့ဒီရေပူစမ်းမှာ သွားပြီး ရေချိုးချင်လား?"

"ရေပူစမ်းလား?"

ကျားလန်အရေးနှင့် စိတ်ရှုပ်ထွေးနေသည့် မုရုံချီချီတယောက် ရေပူစမ်းအသံကြားသည်နှင့် ချက်ချင်း ထထိုင်လိုက်သည်။ သူမမျက်လုံးများမှ နေမင်းသကဲ့သို့ အလင်းများက ကျိန်းစပ်မတတ်ပင်။

"ဝမ်ရယ်... ဒီမှာ ရေပူစမ်း တကယ်ရှိတာလား? ဘယ်နားမှာလဲ? ဘာလို့ ကျွန်မကို အရင်က မပြောပြတာလဲ? ကျွန်မက ရေပူစမ်းကို အကြိုက်ဆုံးပဲ!"

မုရုံချီချီ ကြိုက်နှစ်သက်တာ မြင်သောအခါ ဖုန်းချန်လည်းပဲ ပျော်ရွှင်မိသည်။ အထူးသဖြင့် သမင်ငယ်လေးလို ပျော်ရွှင်နေသော သူမကို မြင်ရပြီးနောက် ဖုန်းချန်သည်လည်း သူ့နှလုံးသားအောင်ခြေမှပင် ပျော်ရွှင်မှုကို ခံစားမိသည်။

"ကိုယ် မင်းကို ဒီည ခေါ်သွားပေးမယ်... အခြေအနေကတော့ ဒီညစာကို မင်းလေး နာနာခံခံ ကောင်းကောင်းမွန်မွန်စားမှ ရမှာနော်"

ဖုန်းချန်ပြောသော ရေပူစမ်းမှာ ယုံကျူးမြို့ပြင်ရှိ ဖုန်းယွိစံအိမ်တွင် တည်ရှိသည်။ ဖုန်းချန်၏ ပိုင်နက် တစိတ်တဒေသဖြစ်သလို သူ၏ အပန်းဖြေရာစံအိမ်တော်လည်း ဖြစ်၏။ သူတို့ အပန်းဖြေစံအိမ်သို့ ရောက်သောအခါ မုရုံချီချီမှာ သူမမျက်စိရှေ့မှ လှပသည့်မြင်ကွင်းကြောင့် ညို့ယူဖမ်းစားခြင်း ခံလိုက်ရသည်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now