Chapter 132

261 52 5
                                    

Zawgyi Version

လုံဇယ်​ကျင့်​ထျန်းလည်း တုန်​ဖန်​လန်​၏ ​မွေး​နေ့ကို ​ရောက်​ရှိ​နေသည်​။ လီယွင်​ချင်းနှင့်​ ရှန့်​ကွမ်းဝူကျိတို့လည်း သူနှင့်​အတူ လိုက်​ပါလာသည်​။

မူလက လုံဇယ်​ကျင့်​ထျန်းက သူ့တိုင်းပြည်​သူ ပြန်​ရန်​ လုပ်​ထားသည်​။ သို့​ပေမယ့်​ မုရုံချီချီ၏ သရုပ်​မှန်​က ထွက်​​ပေါ်လာပြီး​နောက်​ သူက ​ဒီမှာပဲ ဆက်​​နေလိုက်​သည်​။ မုရုံချီချီကို သူ့ဇနီးဖြစ်​​စေရန်​မှာ သူ့ဆန္ဒပင်​ ဖြစ်​သည်​။ သူ ဒါကို မ​အောင်​မြင်​နိုင်​သ​ရွေ့ သူက အ​လျော့​ပေးမည်​မဟုတ်​​ပေ။

လီယွင်​ချင်းနှင့်​ ရှန့်​ကွမ်းဝူကျိတို့ အတွက်​ကမူ သူတို့သည်​ မုရုံချီချီကို ပိုပြီး စိုးရိမ်​လာကြသည်​။ ဒါက မုရုံချီချီဖြစ်​​စေ ဖုန်းချီချီ ဖြစ်​​စေ လီယွင်​ချင်းနှင့်​ ရှန့်​ကွမ်းဝူကျိတို့ မျက်​လုံးထဲတွင်​ သူမသည်​ သူတို့ ဂရုစိုက်​​နေ​သော သူတစ်​​ယောက်​ပင်​ ဖြစ်​သည်​။

သူတို့သည်​ မုရုံချီချီ၏ အစစ်​အမှန်​သရုပ်​ကို တကယ်​ပဲ ထိတ်​လန့်​ခဲ့ကြသည်​။ သူတို့က မုရုံချီချီရှိရာ နန်​လင်းမင်းသားအိမ်​​တော်​ကို အလည်​အပတ်​ သွားချင်​​သော်​လည်း ဖုန်းချန်​၏ လူများမှ တားဆီးခြင်းကို ခံခဲ့ရသည်​။ မယ်​​တော်​ကြီး၏ ​မွေး​နေ့​ကြောင့်​သာ သူမကို သူတို့ မြင်​နိုင်​ခဲ့ရသည်​။

မုရုံချီချီကို မြင်​ရပြီး​နောက်​ လီယွင်​ချင်းဖြစ်​​စေ ရှန့်​ကွမ်းဝူကျိဖြစ်​​စေ သူတို့နှလုံးသားထဲတွင်​ ကြီးမား​သော သက်​​ရောက်​မှုတစ်​ခုကို လက်​ခံရရှိလို​က်​သည်​။ အပြင်​မှာ ​ကောလဟလ​တွေ ဘယ်​​လောက်​ပဲ ​ပြောကြား​ပါ​စေ၊ မုရုံချီချီ၏ သရုပ်​မှန်​က ဘယ်​​လောက်​ပဲ မြင့်​မြတ်​​နေပါ​စေ အဲ့ဒါကို သူတို့ကိုယ်​တိုင်​ မျက်​စိနှင့်​ မြင်​​တွေ့သ​လောက်​ စစ်​မှန်​မည်​မဟုတ်​​ပေ။

အရင်​ကလို ဥာဏ်​ထက်​သည့်​ မျက်​လုံးတစ်​စုံမှ လွဲ၍ ဒီလူ၏ မျက်​နှာအစိတ်​အပိုင်း အားလုံးက လုံးဝ ​ပြောင်းလဲသွားသည်​။ သူတို့က 'မူလ' သွင်​ပြင်​ကို လုံးဝမမြင်​နိုင်​​တော့​ပေ။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now