Chapter 134

178 40 6
                                    

Zawgyi Version

ဖုန်းချန်သည် စာပေါ်မှ စကားလုံးများကို တချက်ကြည့်လိုက်သည်။ တချက်ကြည့်ရုံဖြင့် ထိုစာအား နလန်ရှင်းရေးထားသည်ကို သူသိနိုင်သည်။ ဒီကောင်လေးက အရင်ကထက်စာရင် ပိုပိုပြီး ရက်စက်တတ်လာပြီပဲ! သူ တကယ်ပဲ ကွမ်းဟွာသခင်လေးရဲ့ ထုံပေါင်ကျိုက်နဲ့ ကြွယ်ဇယ့်ဖန်းကို မီးလောင်တိုက်သွင်းရဲနေပြီ။ ဒီထဲမှာ တကယ်ကို အားအများကြီးစိုက်ထုတ်ထားတာပဲ! နလန်ရှင်းက ဘယ်လိုဝမ်းတွင်းမည်းဖြစ်တာကို သူ ဘယ်လိုမှ မသိနိုင်တော့ပေ။ ထိုအရာက သူ့ကို အလွန်ပျော်ရွှင်လာစေသည်။

ဖုန်းချန်နှလုံးသားသည် ရယ်မောခြင်းကြောင့် ပန်းတစ်ပွင့်လို ပွင့်လန်းနေသည်။ သူက နလန်ရှင်း၏ လုပ်ဆောင်ချက်ကို အလွန်မြင့်မြင့်အဖိုးဖြတ်မှုပေးထားသော်လည်း မုရုံချီချီကမူ စာရွက်ပိုင်းကို မည်းမှောင်သော အမူအယာဖြင့် ဆုပ်ကိုင်ထားသည်။

"နင် လူတွေကို တွေ့သေးလား?"

"ကျွန်မ ဒီကိုရောက်တော့ မီးက အရမ်းကြီးနေပြီ။ ဘာမှ မမြင်ရတော့ဘူး။ စုမိန်ကတော့ ထုံပေါင်ကျိုက်ကို သွားနေတယ်။ အဲ့ဒီမှာ ဘယ်လိုပြီးသွားတယ်ဆိုတာတော့  ကျွန်မလည်း မသိသေးဘူး"

သူတို့က စုမိန်အကြောင်း ပြောနေစဉ်တွင် စုမိန်ကလည်း အပြေးအလွှားရောက်လာသည်။ စုမိန်က မုရုံချီချီအား ကမ်းပေးလိုက်သော စာရွက်မှာ စောစောက စုယွဲ့ပေးထားသလိုပင်။

"ဒီည ဟိုင်ရှစ်အချိန်(9-11pm)မွာ ခြေသေ့တောင်ကုန်းမှာ မင်းနဲ့ တွေ့မယ်"

ခွေးကောင်! မုရုံချီချီက သူမလက်ကို တင်းကြပ်စွာ ဆုပ်လိုက်သည်။ ဘယ်သူက ကျားခေါင်းက ခေါင်းမွှေးကို ဆွဲနှုတ်သလို သူမလူတွေကို ထိရဲတဲ့သတ္တိရှိနေရတာလဲ?

မုရုံချီချီအမူအယာမှာ ဖုန်းချန်တခါမှ မမြင်ဖူးသည့် လေးနက်သော အမူအယာဖြစ်နေသည်။ ဤအမျိုးသမီးသည် နူးညံ့သိမ်မွေ့သည် သို့မဟုတ် ချစ်စရာကောင်းသည်၊ ချစ်စရာကောင်းပြီး အားကိုးရာမဲ့သောအသွင်အပြင် သို့မဟုတ် နှစ်သက်စရာမောက်မာသည့်ပုံစံမျိုး ရှိခဲ့သော်လည်း ယခုလိုရေခဲကဲ့သို့ အေးစက်သောမျက်နှာဖြင့် သူမပုံစံကို တခါမှ မမြင်ခဲ့ဖူးပေ။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now