Zawgyi Version
နန်လင်းမင်းသားအိမ်တော်သည် လင်းလက်တောက်ပနေသည်။ ဖုန်းချန်နှင့် မုရုံချီချီတို့ ပြတ်ရောက်လာသောအခါ ချက်ချင်း ဂုဏ်ပြုသည့်လူများ ရောက်ရှိလာသည်။ ထို့နောက် အိမ်တော်ထိန်း ဖုန်းချီက ဦးဆောင်ကာ အားလုံးက ဖုန်းချန်နှင့် မုရုံချီချီကို ဂါရဝပြုလိုက်ကြသည်။
"ဂုဏ်ယူပါတယ် ဝမ်ရယ်! ဂုဏ်ယူပါတယ် ဝမ်ဖေး!"
"ဒူးထောက်ထားရာမှ ကင်းလွတ်စေ..."
ဖုန်းချန်က မုရုံချီချီအား မင်းသမီးတပါးလို ပွေ့ဖက်လိုက်ကာ တင်းစုံအဆောက်အဦးအတွင်း ဝင်သွားရင်း ပျောက်ကွယ်သွားသည့် လေတသုတ်ကို ကြည့်နေသည့် သူများအား ချစ်ရစ်ခဲ့လေသည်။
"ကြည့်ရတာ ငါတို့တော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုလာပြီ"
ဖုန်းချီက ရယ်မောလိုက်သည်။ ဖုန်းချီ ဘာကို ဆိုလိုတယ်ဆိုတာကို လူများမှာ နားမလည်နိုင်ပေ။ သူတို့က ဖုန်းချီကို ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။ ဖုန်းချီက သူ့နောက်မှာ ရှိနေသည့် လူအနည်းငယ်ကို ခေါင်းခေါက်လိုက်သည်။
"အရူးတွေ! ဝမ်ရယ်က ဒီလောက် အလျင်လိုနေတာ... ဟား ဟား... သေချာတယ်... ငါတို့ သခင်ငယ်လေးကို လက်ခံဖို့ ကြိုတင်ပြင်ဆင်ထားရတော့မယ်!"
"အိုး...!"
ဖုန်းချီက ရှင်းပြလိုက်သောအခါ အားလုံးက ချက်ချင်း အမှန်တရားကို သိမြင်သွားသည်။ ဒါအမှန်ပဲ! နန်လင်းဝမ်ဖူက တိတ်ဆိတ်နေတာ တော်တော်ကြာလှပြီ။ သခင်ငယ်လေး တယောက်သာ ရှိပါက ဘယ်လောက်ကောင်းလိမ့်မလဲ? လူတိုင်းက လှပသည့် ပန်းချီကားကို စိတ်ကူးယဉ်နေမိကြသည်။ သူတို့တယောက်စီတိုင်းသည် ရူးသွပ်စွာ ရယ်မောမိကြသည်။
တင်းစုံအဆောက်အအုံအတွင်းတွင် ဖုန်းချန်က မင်္ဂလာအခန်းထဲသို့ ဝင်လိုက်သည်။ သူက မုရုံချီချီကို အောက်သို့ ချလိုက်ကာ သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။ သူက သူမကို ကြည့်ကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။