Chapter 120

260 59 7
                                    

Zawgyi Version

ညက အလွန်ကို တိတ်ဆိတ်နေသည်။ ဖုန်းချန်က မုရုံချီချီ အသက်ရှူသံကိုသာ ကြားနေရသည်။ထိုအသံမှာ ပန်းပွင့်သံကဲ့သို့ ညင်သာသည်။ ၎င်းက ဖုန်းချန်နှလုံးသားကို ယားယံစေပြီး သူလည်း ဘာလုပ်ရမှန်း မသိပေ။

"လူတွေကို ညှင်းပန်းနှိပ်စက်တတ်တဲ့ နတ်ဆိုးမလေး!"

ဖုန်းချန်က မုရုံချီချီနားနားတွင် တီးတိုးပြောဆိုလိုက်သည်။ အနှေးနှင့် အမြန် သူက သူမနှလုံးသားကို ရအောင် ယူ၍ သူမအား အမှန်တကယ် သူ့မိန်းကလေး ဖြစ်လာစေရမည်။ အဲ့ဒီရက်က သိပ်မဝေးတော့ဖို့ သူမျှော်လင့်မိသည် သို့မဟုတ်ပါက အနှေးနှင့် အမြန် သူသည် ဒါကို ထိန်းချုပ်ထားရလို့ အတွင်းဒဏ်ရာ ရသွားနိုင်သည်။

ပျော်ရွှင်မှုဟု ခေါ်ဆိုသော အရာသည် ဖုန်းချန်နှလုံးသားထဲတွင် ပျံ့နှံ့နေသည်။ သူမကို ဤသို့ ဖက်တွယ်ထားရခြင်းနှင့် သူမအား သူ့ရင်ခွင်ထဲ အိပ်စက်စေခြင်းတို့မှာ ဖုန်းချန် ကြာရှည်စွာ စိတ်ကူးယဉ်ခဲ့ရသည့် အရာပင် ဖြစ်သည်။ အခု ထိုအိပ်မက်က အမှန်တကယ် ဖြစ်လာသည်။ သူက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူဟု ဖုန်းချန်က ခံစားမိသည်။ မုရုံချီချီကို , မုရုံချီချီအား သူ့ဘေးတွင် ထားရှိနိုင်ခြင်းသည် သူ့အတွက်တော့ အကောင်းဆုံးအရာပင်။ အလွန်ကောင်းမွန်သည်! အစစ်အမှန်ပင်!

ကောင်းမွန်စွာ အိပ်စက်ရသော ညတစ်ညဖြစ်သည်။ ဒါက မုရုံချီချီအတွက် အချိန်အကြာကြီး ကောင်းကောင်းအိပ်စက်ရသည့်အချိန် ဖြစ်သည်။ ပိုင်ဆိုင်ရခြင်းသည်ပုံမှန်အားဖြင့် သူမသည် ခြောက်ဆယ်ရာခိုင်နှုန်းက အိပ်ပြီး လေးဆယ်ရာခိုင်နှုန်းက နိုးကြားလေ့ရှိသည်။ သူမ အမြဲတမ်း တည်ငြိမ်စွာ မအိပ်စက်နိုင်ပါ။ ဒီတခေါက်တော့ သူမ  နေ့သစ် မစခင်အထိ အိပ်ပျော်နေခဲ့သည်။
ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ပြီး
"Mn..."

မုရုံချီချီ  အနည်းငယ် လှုပ်လိုက်ကာ သူမမျက်လုံးကို ဖွင့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်မှ အလင်းရောင်သည် မျက်လုံးကို တိုက်ရိုက်ကျရောက်နေသည်။ သူမခန္ဓာကိုယ်အောက်မှ နူးညံ့မှုနှင့် နွေးထွေးမှုက နောက်ဆုံးတွင် ဒါဟာ သူမရဲ့ မင်္ဂလာဦးည ဖြစ်တယ်ဆိုတာကို  သူမတကယ်ပဲ မနက်ထိ အိပ်ပျော်ခဲ့သည်။ ဒါက အပြင်ကို ရောက်သွားပါက လူတွေက လက်မခံနိုင် ဖြစ်ကြလိမ့်မည်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now