Chapter 115

245 73 10
                                    

Zawgyi Version

တင်းစုံအ​ဆောင်​တွင်​ ရုတ်​ရုတ်​သဲသဲဖြစ်​မှုသည်​ တခြားသူများအား အ​နှောက်​အယှက်​ဖြစ်​​စေသည်​။ အနက်​​ရောင်​ဝတ်​စုံနှင့်​လူကို အားလုံး ရှာကြ​သောအခါ ထိုလူသည်​ ဒီကမ္ဘာ​မြေ​ပေါ်မှ ​ပျောက်​ကွယ်​သွားသလိုပင်​။ ​နောက်​တကြိမ်​ သူသည်​ သဲလွန်​စမကျန်​ပဲ ထွက်​သွားပြန်​သည်​။

"သူက ဖုန်းယွီ​ဂေဟာနဲ့ ရင်းနှီးရုံတင်​မဟုတ်​ဘဲ သူက ဝမ်​ဖူနဲ့ပါ ရင်းနှီး​နေ​သေးတယ်​"

မုရုံချီချီက သူမအမြင်​ကို ​သေချာသလို ​ပြောလိုက်​၏။ ဖုန်းချန်​ကလည်း သူမအမြင်​ကို ​ထောက်​ခံသည်​။ ထိုပုဂ္ဂိုလ်​သည်​ ဝမ်​ဖူကို နည်းနည်း​နော​နောကျွမ်းဝင်​သည်​မဟုတ်​​ပေ။ ဘယ်​​နေရာတွင်​ လျှို့ဝှက်​အ​စောင့်​များအား ​နေရာချထားသည်​ကိုပါ သိပြီး လွယ်​လွယ်​ကူကူ​လွတ်​​မြောက်​သွားနိုင်​သည်​။ သူက ဘယ်​သူလဲ? သူက ဝမ်​ဖူနဲ အရမ်းရင်းနှီး​နေတာက တကယ်​လို့သာ သူ့ရန်​သူဆိုရင်​ သူ့အတွက်​ မ​ကောင်း​တော့​ပေ။ ဒါ့အပြင်​ ဖုန်းချန်​က အခု အနက်​​ရောင်​ဝတ်​စုံနှင့်​လူနဲ့ သိုင်းကွက်​ ဖလှယ်​ဖြစ်​​တော့ နှစ်​​ယောက်​လုံး တူညီစွာ အား​ကောင်း​လေသည်​။ သူက ဘယ်​သူလဲ?

"ဝမ်​ဖူရဲ့ အကာအကွယ်​ကို အင်​အားတိုးမြှင့်​ထားလိုက်​!"

ဖုန်းချန်​၏ အမူအယာမှာ ​လေးနက်​​နေသည်​။ သိပ်​မကြာခင်​ မင်္ဂလာပွဲက ကျ​ရောက်​လာ​တော့မည်​။ အနက်​​ရောင်​ဝတ်​စုံနှင့်​လူသာ ဝမ်​ရမ်​လဲ့၏ လူဖြစ်​ပါက မုရုံချီချီက အန္တရာယ်​ရှိသည်​ဟု ဆိုလိုတာ မဟုတ်​ပါ​လော?

ဖုန်းချန်​က ဒီကိစ္စကို ဆက်​မ​တွေးရဲ​တော့​​ပေ။ အရင်​တုန်းက ဒီမ​တော်​တဆမှုများကို သူ စိတ်​အ​နှောက်​အယှက်​ မဖြစ်​ခဲ့​သည်​မှာ ထိုမိန်းမများသည်​ သူ့နှလုံးသားထဲတွင်​ မရှိ​သော​ကြောင့်​ ဖြစ်​၏။ ဒါ​ပေမယ့်​ ဒီတ​ခေါက်​တွင်​ ကွဲပြားသွားသည်​။ မုရုံချီချီသည်​ သူ ​နောက်​ဆုံးမှ ရှာ​ဖွေ ​တွေ့ရှိခဲ့သည့်​ ရတနာသိုက်​ ဖြစ်​သည်​။ သူမကိုသာ တစုံတရာ ဖြစ်​ပွားလာခဲ့လျှင်​ သူမည်​သို့ လုပ်​ရမည်​နည်း?

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now