Chapter 99

3.3K 135 23
                                    


ဝမ်ရမ်ခန် ဘေးမှာ သူ့ဘာသာ ပျော်ရွှင်နေတာ မြင်တော့ စုမိန်က သူ့အပေါ်ကို ရေအေးလောင်းချသလို ပြောလိုက်တယ်။ ဒါပေမယ့် အဲ့တာက ဝမ်ရမ်ခန်ရဲ့ စိတ်အားထက်သန်မှုကို လျော့မကျစေတဲ့အပြင် သူ့ကို ပိုပြီးတောင် စိတ်ကြီးဝင်လာစေတယ်။

"ဒါက ကံကောင်းတယ်လို့ ခေါ်တယ်... ကံကောင်းတယ်ဆိုတာ ဂုဏ်ယူရမယ့် အရာပဲလေ... မိန်အာလေး နားလည်ရဲ့လား? "

"ရှင့်ဖင်ကြီးပဲ နားလည်နေလိုက်!"

နှစ်ယောက်သား ရန်ဖြစ်နေစဉ်မှာပဲ ရှီးချီကလူတွေ ဆင်းလာကြတယ်။ ဒီတခေါက္မှာတော့ ရှီးချီနဲ့ ပေကျိုးက ပြိုင်ပွဲဝင်တွေအားလုံးသာ ရှုံးထွက်ပြိုင်ပွဲကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အမည်အားဖြင့် ရှီးချီမှ လုံဇယ်ကျင့်ထျန်း၊ လီယွင်ချင်း၊ ပိုင်ယီယွဲ့၊ မုရုံချင်းလျန်နှင့် ပေကျိုးမှ မုရုံချီချီ၊ စုမိန်၊ ဝမ်ရမ်ခန်နှင့် ရူရီတို့ ဖြစ်ကြတယ်။

ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ ကျားလန်မေမွ်ာ္လင့်ထားတဲ့ အရာပဲ။ မူလက ပြိုင်ပွဲဝင် နှစ်ယောက် သုံးယောက်လောက်သာ ကျော်ဖြတ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ရှီးချီနဲ့ ပေကျိုးက ပြိုင်ပွဲဝင်တွေအားလုံး ကျော်ဖြတ်နိုင်မယ်လို့ သူမထင်ထားခဲ့ဘူး။ ဖမ်းလိုင်ကျွန်းက တပည့်တွေကို ဒီဘုံခုနှစ်ဆင့် စစ်ဆေးမှုနဲ့ စမ်းသပ်ခဲ့စဉ်ကတောင် ခြောက်ယောက်လောက်ပဲ ကျော်ဖြတ်နိုင်တယ်။ ကြည့်ရတာ ကုန်းမြေစုမှာ ရွက်ပုန်းသီးပညာရှင်တွေ အများကြီး ရှိနေပုံပဲ။

နောက်ဆုံးတော့ ဟဲလန်လျန်ရီ၊ လုံတောင်နဲ့ တခြားသူတွေပါ ဘုံကျောင်းထဲက ထွက်လာကြတယ်။ မုရုံချီချီနဲ့ တခြားသူတွေကို မြင်တော့ ဟဲလန်လျန်ရီဟာ ရှက္မိတယ်။ သူ့မျက်နှာကို သူ့အက်ႌလက္စနဲ့သာ ကာထားချင်တော့တယ်။ မူလက သူဟာ ပေကျိုးကို လာကာ ပထမနေရာကို ယူဖို့ စိတ်ကူးထားခဲ့တယ်။ သူ အခုလို မျက်နှာပျက်ရမယ်လို့ ထင်မထားခဲ့ဘူး။

"ဘုံခုနှစ်ဆင့် စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"

ကျားလန်က လူရှစ်ယောက်ကို ပြုံးပြီး ကြည့်လိုက်တယ်။

"နောက်ဆုံးပြိုင်ပွဲတွေမှာ မင်းတို့ရဲ့စွမ်းဆောင်ရည်တွေကို ဆက်ကြည့်နေပါ့မယ်"

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now