Chapter 106

372 78 2
                                    

Zawgyi

မုရုံချီချီစကားသည် မုရုံချင်းလျန်ကို အံ့သြသွားစေသည်။ မုရုံချင်းလျန်၏ နှုတ်ခမ်းမှာ အနည်းငယ် တုန်ယင်သွားသည်။

"ဘာလဲ? နင် ဘာပြောလိုက်တာလဲ? ငါနားမလည်ဘူး"

"နင်က ဒါကို နားမလည်တာလား? ငြင်းဆန်နေတာလား?"

မုရုံချီချီက လှောင်ရယ်လိုက်သည်။ သူမမျက်လုံးထဲမှ သတ်ဖြတ်လိုသည့် ဆန္ဒမှာ ပိုမိုပြင်းထန်လာသည်။

"ငါ့ကို ညှာတာပေးခဲ့တဲ့အတွက် နင့်ကိုပဲ ကျေးဇူးတင်ဖို့ လိုနေအုံးမလား? ကံကောင်းလို့ နင်က သံနှစ်ချောင်းပဲ စိုက်ခဲ့လို့ပေါ့။ နင်သာ သံအချောင်းနှစ်ဆယ်လောက် ရိုက်ထားခဲ့ရင် ငါ အဲ့ဒီနေရာမှာတင် တခါတည်း သေသွားမလားပဲ။ မဟုတ်သေးဘူး... နင် အဲ့လောက် အများကြီး သုံးလို့ မရဘူး။ အဲ့လိုဆိုရင် နင့်ရဲ့ ရက်စက်တတ်တဲ့ နှလုံးသားကို ထုတ်ဖော်ပြသရာကျသွားမယ်။ ဒါ့ကြောင့် နင်က သံနှစ်ချောင်းတည်း သုံးခဲ့တာပေါ့။ ဘယ်တချောင်း၊ ညာတချောင်းနဲ့ ငါ့အရိုးထဲထိ စိုက်ဝင်ခဲ့တယ်လေ"

ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင် တွေ့ကြုံခဲ့ရတဲ့ အရာတွေကို ပြန်စဉ်းစားမိရင်း မုရုံချင်းလျန်ကို ကြည့်နေသော မုရုံချီချီအကြည့်များသည် ပိုမိုအေးခဲလာသည်။ အရင်က ဒီသနားစရာကောင်းလှတဲ့လူတယောက်ဟာ ဒီရက်စက်တဲ့လူတွေရဲ့ လက်ထဲတွင် သေဆုံးခဲ့ရသည်။ အခု သူမက ဒီကို အချိန်ခရီးသွားပြီး ရောက်လာခဲ့သည်။ သူမသာ မွေးစားဖခင်၊ ဆရာနှင့် တွေ့ပြီး အချိန်မှီ ကုသမှုသာ ခံယူခွင့် မရခဲ့ဘူးဆိုလျှင် သူမခြေထောက် တစုံမှာ ပျက်စီးသွားပြီဟု ယူဆလို့ ရနေပြီ။

"မဟုတ္ဘူး... မဟုတ္ဘူး... အဲ့တာ ကျွန်မ မဟုတ္ဘူး"

မုရုံချင်းလျန်က သူမခေါင်းကို ခါရမ်းလိုက်ပြီး သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ ဒါတွေအားလုံး သူမလုပ်ခဲ့တယ်ဆိုတာ မုရုံချီချီက တကယ်ရှာတွေ့ခဲ့သည်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?

သူမက မုရုံချီချီကို သင်ခန်းစာ ပေးရုံ ပေးချင်ခဲ့သည်။ ထို့ကြောင့် သူမလူတွေကို သစ်သားတုတ်ရဲ့ အပ်ကြောင်းတွေကြားတွင် သံတွေကို မြှုပ်နှံစေခဲ့သည်။ ပထမ ရိုက်ချက်တချက်နှင့်ပင် ထိုသံချောင်းများဟာ အရိုးထဲကို စိုက်ဝင်ပေလိမ့်မည်။ သူမ ကြားဖူးသည်ကတော့ ထိုအရာကြောင့် တချို့လူများ ၏ခြေထောက်များပင် ပျက်စီးသွားကြခြင်းပင်။ မုရုံချီချီက ဘေးကင်းလုံခြုံရုံသာမက သိုင်းပညာပင် သင်ကြားတတ်မြောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now