Chapter 111

280 57 5
                                    

Zawgyi Version

ဝမ်​ရမ်​​ပေါင်​ကျူးက မိမိကိုယ်​မိမိ အပြစ်​တင်​ရင်း နစ်​​မျော​နေစဉ်​ ဝမ်​ရမ်​ဟုန်​မှာ ဝမ်​ရမ်​​ပေါင်​ကျူး၏ နားကို ထပ်​ကာထပ်​ကာ ကိုက်​ကာ နာကျင်​မှု​ကြောင့်​ ​အော်​ဟစ်​​စေသည်​။

"မင်း ဆက်​ပြီး အာရုံမစိုက်​ပဲ ​နေ​နေရင်​ ဒီအိမ်​​ရှေ့စံမင်းသားက မင်းကို အပြစ်​​ပေးရလိမ့်​မယ်​!"

ဝမ်​ရမ်​ဟုန်​က ယုတ်​မာစွာ ပြုံးလိုက်​သည်​။ သူ့မျက်​လုံးများထဲမှ ​အေးစက်​မှုများသည်​ ပိုမိုအား​ကောင်းလာသည်​။

"လိမ်​လိမ်​မာမာနဲ့ ဒီအိမ်​​ရှေ့စံမင်းသားရဲ့ စကားကို နား​ထောင်​လိုက်​ ညီမ​တော်​! ဒီအိမ်​​ရှေ့စံမင်းသားက မင်းဖြစ်​ချင်​တဲ့ ဆန္ဒကို ဖြစ်​​အောင်​ ကူညီ​ပေးမယ်​။ အဲ့လိုမှမဟုတ်​ရင်​ ဒီအိမ်​​ရှေ့စံမင်းသားက ဒီအလှ​လေးကို... အ​မွှေးနံ့ကို ​လျော့​စေပြီး ​ကျောက်​စိမ်းကို ဖျက်​စီးဖို့လည်း စိတ်​မရှိဘူး​နော်​"

*** အ​မွှေးနံ့ကို ​လျော့​စေပြီး ​ကျောက်​စိမ်းကို ဖျက်​စီး - မိန်းမလှ​လေး​​သေဆုံးမှု***

ဝမ်​ရမ်​ဟုန်​က ထိုသို့ ​ပြောလာ​သောအခါ ဝမ်​ရမ်​​ပေါင်​ကျူးမှာ မလွတ်​​မြောက်​နိုင်​​တော့​ပေ။

သေမလား ဒါမှမဟုတ်​ ဝမ်​ရမ်​ဟုန်​လိုအပ်​ချက်​ကို ဖြည့်​မလား? သူမ မ​သေချင်​​သေးဘူး။ သူမ ​တွန့်​ဆုတ်​တယ်​၊ ​ကြောက်​လန့်​တယ်​၊ ပြီး​တော့ သူမ မုန်းတဲ့သူ​တွေကို လက်​စားမ​ချေရ​သေးဘူး။ ဒါ​ကြောင့်​ သူမ မ​သေနိုင်​​သေးဘူး။ လက်​စား​ချေဖို့ဆို​သော အ​တွေးသည်​ ဝမ်​ရမ်​​ပေါင်​ကျူးအား မုရုံချီချီကို ပိုမိုမုန်းတီးလာ​စေသည်​။ အားလုံးဟာ ထိုမိန်းမ​ကြောင့်​ပင်​။ ထိုမိန်းမက သူမဆီသို့ ကပ်​​ဘေးကြီး သယ်​​ဆောင်​လာခြင်းပင်​။ သူမ အရှက်​ရမှုအားလုံးအတွက်​ မုရုံချီချီအား ​ကျေးဇူးတင်​ရမည်​။ သူမ ဒီမုန်းတဲ့သူကို လက်​စား​ချေကို​ချေရမည်​။

ထိုသို့ စဉ်းစားပြီး​သောအခါ ဝမ်​ရမ်​​ပေါင်​ကျူးက ထပ်​မ​တွေး​တော့ပါ။ သူမခန္ဓာကိုယ်​သည်​ ဝမ်​ရမ်​ဟုန်​ကိုယ်​ကြားတွင်​ ညှပ်​​နေသည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now