Chapter 113

243 84 10
                                    

Zawgyi Version

ယွီရှစ်​ရှစ်​၏ 'ပလွှားမှု'သည်​ မုရုံချီချီအား အံအားသင့်​သွား​စေသည်​။ စုမိန်​နှင့်​ စုယွဲ့ကိုလည်း လဲကျလုနီးပါး ဖြစ်​​စေသည်​။ ဒီမိန်းမဦး​နှောက်​ထဲ ​ရေများ ဝင်​​နေတာလားဟ? သူမက သခင်​မ​လေးနဲ့များ ချမ်းသာကြွယ်​ဝမှုကို ယှဉ်​ပြို​င်​ချင်​​နေတယ်​! သူမဦး​နှောက်​က တကယ်​ပဲ ကျဉ်း​မြောင်း​နေပြီပဲ!

ဖန်းတုန်​က ​ငွေလက်​ခံပြီး​နောက်​ ဆိုင်​ဝန်​ထမ်းများအား အထည်​ကို ​သေချာစွာ ထုပ်​ပိုး​စေပြီး ယွီရှစ်​ရှစ်​​နောက်​မှ အ​စေခံကို ကမ်း​ပေးလိုက်​သည်​။

"အိမ်​​ရှေ့စံမင်းသမီးသာ ဒါကို ဝတ်​ဆင်​လိုက်​ရင်​ အိမ်​​ရှေ့စံမင်းသမီးက ​သေချာ​ပေါက်​ ​တောက်​ပလာပြီး လူတိုင်းရဲ့ ရုပ်​ရည်​ထက်​ ပိုပြီး ​တောက်​ပလာလိမ့်​မယ်​!"

ထိုစကားလုံးများသည်​ ယွီရှစ်​ရှစ်​အား ​ပျော်​ရွှင်​​စေသည်​။ သူမသည်​ ဟန်​​ဆောင်​ကာ မုရုံချီချီဆီ ​လျှောက်​သွားရင်း မုရုံချီချီ ကြည့်​​နေသည့်​ အထည်​ကို ကြည့်​လိုက်​သည်​။

"ဘယ်​​လောက်​လှလိုက်​သလဲ? မင်းသမီး ဒါကို ဝယ်​ချင်​လား?"

"မဝယ်​ဘူး!"

မုရုံချီချီက ​ခေါင်းခါလိုက်​သည်​။

"ကျွန်​မမှာ ပိုက်​ဆံမရှိဘူး!"

မုရုံချီချီမှာ ပိုက်​ဆံမရှိဘူးဆိုတာက ယွီရှစ်​ရှစ်​အား ​ပျော်​ရွှင်​​စေသည်​။ ​ယောက်ျားချင်းယှဉ်​ရင်​​တော့ သူမ၏ ဝမ်​ရမ်​ဟုန်​သည်​ ဖုန်းချန်​အား မယှဉ်​နိုင်​။ ဒါ​ပေမယ့်​ ​ငွေ​ကြေးအရ ယှဉ်​မည်​ဆိုလျှင်​ သူမတွင်​ အနည်းဆုံး​တော့ ရတနာ​သိုက်​​လေး ရှိပြီး မုရုံချီချီထက်​​တော့ ချမ်းသာ​သေးသည်​။

"ဒါ​ပေမယ့်​ ကျွန်​မသာ ကြိုက်​တယ်​ဆိုရင်​ ဝမ်​ရယ်​က ဝယ်​​ပေးမှာပဲ! ဝမ်​ရယ်​က ​ပြောတယ်​ မိန်းမတ​ယောက်​ရဲ့ ​ပျော်​ရွှင်​မှုအတွက်​ ​ယောက်ျား​တွေ ​ငွေဖြုန်းရခြင်းဟာ အဓိကကိစ္စရပ်​တခုပဲတဲ့!"

ယွီရှစ်​ရှစ်​မျက်​နှာ​ပေါ်က အပြုံး ကြီးသထက်​ ကြီးလာ​အောင်​ ​စောင့်​၍ မုရုံချီချီက ထိုကဲ့သို့ စကားတခွန်းပစ်​သွင်းလိုက်​​သောအခါ ယွီရှစ်​ရှစ်​မျက်​နှာအား ​တောင့်​တင်းသွား​စေသည်​။ ဖုန်းချန်​ကလည်း ဖန်းတုန်​အား မုရုံချီချီလက်​ထဲမှ အထည်​ကို ထုပ်​ပိုး​စေခြင်းဖြင့်​ ​ကောင်း​ကောင်းပူး​ပေါင်း​ဆောင်​ရွက်​လိုက်​သည်​။ သူက ​ငွေတုံးတ​ထောင်​ကို ချက်​ချင်း​ပေး​ချေလိုက်​သည်​။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရားWhere stories live. Discover now