Chapter-3

6.5K 1.1K 57
                                    

For Zawgyi~

ဒီကစားသူက​တော့!သင်​လုပ်​တာမှား​နေပြီ

ဝတ္ထုရဲ့သ​ဘောအရ, Omegaရဲ့ pheromone​တွေက Alphaတစ်​​ယောက်​အ​ပေါ် လွှမ်းမိုးတာကို ခုခံနိုင်​ဖို့
ခက်​ခဲ​လေသည်​။ဖေး​ရှောက်​ဇီက ချန်​ရှကို လွယ်​လွယ်​ကူကူ
အမှတ်​အသား​ပေးခဲ့တာ​ကြောင့်​ပဲ ​နောက်​ပိုင်း အကျဉ်းချတာ
ခံစားချက်​ကိုအလွဲသုံးစားလုပ်​တာ လက်​စား​ချေတာ​ ..စတဲ့
ခွေး​သွေးလို ဇာတ်​​ကြောင်း​တွေကို ​ရောက်​သွားခဲ့ရတာပဲ။
ဘယ်​လိုပဲဖြစ်​ဖြစ်​ လက်​ရှိ ဒီခန္ဓာကိုယ်​ရဲ့ ပိုင်​ရှင်​က မူလဝတ္ထုထဲက ဖေး​ရှောက်​ဇီ မဟုတ်​​ဘဲ ဝတ္ထုထဲကို ​ရောက်​လာတဲ့ President ​ဖေး သာဖြစ်​သည်​။

အမှတ်​အသား?အဲ့ဒါနဲ့ပတ်​သက်​ပြီး တစ်​ဖက်​လူကို
ဘယ်​လိုမျိုးအမှတ်​အသားပြုရလဲ ဆိုတာ မူရင်းဝတ္ထုထဲမှာ
အ​သေးစိတ်​မ​ဖော်​ပြထားပါ​ချေ။ဖေး​ရှောက်​ဇီက ABO
ကမ္ဘာနဲ့ ပတ်​သက်​ပြီး အမှောင်​ကျ​နေဆဲဖြစ်​သည်​။ ဒီကမ္ဘာမှာ ဘာလို့ Omegaအမျိုးသားနဲ့ အမျိုးသမီး​တွေက က​လေးယူလို့ ရနိုင်​လဲဆိုတာ သူနားမလည်​​တော့​ချေ။အဲ့တာအပြင်​ ... 'Pheromone'​တွေက​ရောဘာ​ကြောင့် ​လူတစ်​​ယောက်
ထိန်းချုပ်​နိုင်​တဲ့ အတိုင်း အတာကို ​ကျော်​လွန်​သွားရတာလဲ?

Omega pheromone​ ရနံ့​တွေ​ကြောင့်​ ​ဖေး​ရှောက်​ဇီက
သူရဲ့ထိန်းချုပ်​ထားတဲ့စိတ်​​တွေ ပြိုပျက်​လာတယ်​လို့ ပထမဆုံးအကြိမ်​ ခံစားလိုက်​ရသည်​။ဖြစ်​နိုင်​လျှင်​ ချန်​ရှကို
အပိုင်​ယူလိုက်​ဖို့ သူ့စိတ်​ထဲမှာ တိုက်​တွန်း​နေတဲ့ လှုံ့​ဆော်​မှု
တစ်​ခုရှိ​နေခဲ့​ပေမဲ့ သူက အ​ကြောင်းပြချက်​ရှာပြီး ဒီခံစားချက်​ကို ဖိနှိပ်​ထားခဲ့သည်​။

သူက..မူရင်းဝတ္ထုထဲက ​ဖေး​ရှောက်​ဇီကို သတ်​ခဲ့တဲ့ ချန်​ရှ
အ​ကြောင်းကို ​တွေးမိသွားသည်​။သူ့​ရှေ့က လူငယ်​​လေးက
အနိုင်​ကျင့်​ဖို့လွယ်​ကူသ​ယောင်​ ထင်​ရ​ပေမဲ့ အဲ့ဒါက
တကယ်​တမ်းအချစ်​က​နေ အမုန်းအဖြစ်​​ပြောင်းသွားတဲ့အခါ သူက အလွန်​ကြောက်​စရာ​ကောင်း​လေသည်​​။အ​စောပိုင်း
ကာလမှာ သူ့ကို ထိခိုက်​နာကျင်​​စေတဲ့ လူအားလုံးကို​တောင်​ သတ်​ပစ်​ခဲ့သည်​ပင်​။အဲ့လိုမျိုး အဓိကဇာတ်​​ကောင်​ကို
အ​လေးအနက်​မထားဘဲ သာမန်​ကာလျှံကာ အမှတ်​အသား​ ပေးရဲပါ့မလား​?

Accidental Mark {Myanmar Translation}Where stories live. Discover now