Chapter-4

6.2K 1K 22
                                    

For Zawgyi~

သူ့​ရှေ့က လူငယ်​​လေးက ​ပုံမသွင်းရ​သေးတဲ့ 
ကျောက်​စိမ်းတုံး​လေးလိုပဲ

'ဝတ္ထု​တွေ'ထဲကို ကူး​ပြောင်းလာတဲ့ ကစားသူ​တွေက
၁၀မီလီလျံ​လောက်​ ရှိ​သည်​​။ကစားသူအများစုက System(1022)နဲ့ချိတ်​ဆက်​ရပြီး mission​တွေ
ပြီးဆုံး​အောင်​ ဇာတ်​ညွှန်းအတိုင်း လုပ်​​ဆောင်​​နေတဲ့အချိန်​မှာ ဒီ​ဖေး​ရှောက်​ဇီက​တော့ အဲ့တာကို ဆန့်​ကျင်​ပြီး လုပ်​ချင်​​နေ
သည်​​တဲ့​လေ။ကစားသူတစ်​​ယောက်​မှာ စုစု​ပေါင်း point(100) သာရှိသည်​။တစ်​ကြိမ်​တည်းနဲ့ point(50)
အနုတ်​ခံရင်​ ​​အခုလို​ဆက်​နေနိုင်​ဦးမလားဆိုတာ ဘယ်​သူ
သိမှာလဲ?

System(1022)မှာ မ​ပြောဘဲ မ​နေနိုင်​​တော့..
[တာဝန်​သိတဲ့ system တစ်​ခုအ​နေနဲ့ သင့်​ကို သတိမ​ပေးဘူး ဆိုပြီး ကျွနု​ပ်​ကို အပြစ်​လာမတင်​နဲ့​နော်​။ သတ်​မှတ်​ထားတဲ့
တာဝန်​ကို သင်​ကျရှုံးပြီး point​တွေ သုညဖြစ်​သွားရင်
သင်​ ရှင်းထုတ်​ခံရလိမ့်​မယ်​​]​အ​လေးအနက်​ထပ်​​ပြောရရင်​..
['ရှင်းထုတ်​ခံရတယ်​'ဆိုတာက ဒီကမ္ဘာက​နေ သင်​က လုံးဝ
ပျောက်​ကွယ်​သွားမှာဖြစ်​ပြီး သင့်​ရဲ့မူလ ကမ္ဘာကိုလည်း
ပြန်​လို့ရမှာ မဟုတ်​ဘူး..နားလည်​လား?]

"Point(50)နုတ်​ခံရတာက မနည်းမှန်း ငါနားလည်​ပါတယ်​"​ ဖေး​ရှောက်​ဇီက ခပ်​​အေး​အေး ​ပြောလာ၏။ "တစ်​ချိန်​လုံး ငါ့​ခေါင်းထဲမှာ စကား​ပြော​နေတဲ့ အသံကြီး​ရှိ​နေတာ မကြိုက်​ဘူး ..အဲ့ဒါက ငါ့အ​တွေး​တွေကို ​နှောင့်​ယှက်​​နေသလိုပဲ..​နောက်​ဆို မလိုအပ်​ဘဲ မင်း​ ပေါ်မလာပါနဲ့လား"

System 1022: [....]

ဒါက သူ့ကို အထင်​​သေးတာပဲ! System(1022)မှာ
စိတ်​ဓာတ်​ကျသွားပြီး သူ့ဘာသာသူ ငြိမ်​ငြိမ်​​လေးသာ
နေလိုက်​​တော့၏။

အိပ်​ခန်းထဲတွင်​...

ဒီ​Alpha​ကောင်​ရဲ့ တည်​တည်​ငြိမ်​ငြိမ်​မျက်​နှာကို မြင်​​နေရတာက တစ်​ခုခုမှားယွင်း​နေသလို ချင်​ယွိခံစား​နေရသည်​။
သူနဲ့​ဖေး​ရှောက်​ဇီက အတူတူကြီးပြင်းလာခဲ့တာဖြစ်​ပြီး
သူ့အ​နေနဲ့ သူငယ်​ချင်းဖြစ်သူ​ရဲ့ ပင်​ကိုစရိုက်​ကို ခ​ရေ​စေ့တွင်း ကျ သိပြီးသားပင်​။သို့​ပေမဲ့ ဖေး​ရှောက်ဇီက​ ဒီည (ချန်​ရှ)
အ​ခြေအ​နေကို အခွင့်​​ကောင်းမယူသင့်​မှန်း ​နားလည်​​နေခဲ့
သည်​တဲ့။သူအခု တံခါးဖွင့်​ပြီးဝင်​လာခဲ့တုန်းက အခန်းထဲက
Pheromoneပမာဏက အမြင့်​ဆုံး​ရောက်​​နေ​ပြီဖြစ်​သည်​။
ဒါ​တောင်​ဖေး​ရှောက်​ဇီက ဒီOmegaကို တစ်​ချိန်​လုံး မထိဘဲ ကိုယ့်​ကိုယ်​ကို ဘယ်​လိုများထိန်းချုပ်​နိုင်​တာလဲ?

Accidental Mark {Myanmar Translation}Where stories live. Discover now