Chapter-58

2.8K 522 12
                                    

For Zawgyi~

နီးစပ်​​စေ​လေသောအထိအ​တွေ့

သူတို့ ​လေ့ကျင့်​​ရေးပစ်​ကွင်းထဲက ထွက်​လာပြီးတဲ့​နောက်
နည်းပြလင်​က ချန်​ရှကို သင်​တန်းသား​တွေရဲ့တစ်​​နေ့တာ
လှုပ်​ရှားမှု ကိစ္စအရပ်​ရပ်​ကို ​ပြော​ပြ​လေသည်​။ချန်​ရှကား
နား​ထောင်​ရင်း တစ်​ချိန်​တည်းမှာပင်​ မှတ်​စု​လိုက်​မှတ်​၏။
နေ့လည်​​ရောက်​ခါနီး​နေပြီမို့ ​ဖေး​ရှောက်​ဇီက ​ရိုးရိုးရှင်းရှင်း
နေ့လည်​စာစားဖို့အတွက်​ ​ကျောင်းထဲရှိစား​သောက်​ဆိုင်​ကို
ချန်​ရှအား ​ခေါ်သွားလိုက်​လေသည်​။

ချန်​ရှက သင်​တန်းသား​တွေ ဝန်းရံ​နေတဲ့လူအုပ်​ကြားထဲ
ထိုင်​​ရင်း ​​နေရာနဲ့မအပ်​စပ်​သလိုခံစားလိုက်​ရ​ချေသည်​။
ဖေး​ရှောက်​ဇီက လူငယ်​​လေးရဲ့စိုးရိမ်​မှုကို ခံစားမိကာ
လေသံ​တိုးပြီး ​ဆိုလိုက်​၏။"စိတ်​မပူပါနဲ့...တကယ်​လို့
မင်း ရွှီကျစ်​ယန်​ဇာတ်​​ကောင်​ကိုရသွားရင်​ ရိုက်​ကူး​ရေး
အဖွဲ့က မင်းရဲ့လှုပ်​ရှားမှု​တွေကို အ​သေးစိတ်​သင်​​ပေးဖို့
ကျွမ်းကျင်​နည်းပြတစ်​​ယောက်​ ရှာ​ပေးလိမ့်​မယ်​"

ချန်​ရှက ​ခေါင်းညိတ်​ပြီး အသာ​လေး ထပ်​​မေးလိုက်​၏။
"President​ဖေး...ခင်​​ဗျားအ​နေနဲ့ ကျွန်​​တော့်​အရပ်​က
ပြဿနာကြီးတစ်​ခုလို့ထင်​လား?ယဲ့မင်​ချန်​​ ကျွန်​​တော့်​ကို
ပြောဖူးတာ​တော့ ​နောက်​ဆုံးတစ်​​ခေါက်​ သူ ချင်​နျန့်ေ​နရာ
အတွက်​ လူ​ရွေးပွဲဝင်​ပြိုင်​တုန်းက ရှူးဖိနပ်​အမြင့်​စီးထား
ခဲ့တာတဲ့။ကျွန်​​တော်​​ရော အဲ့လိုလုပ်​ရမလား?"

ဖေး​ရှောက်​ဇီတစ်​​ယောက်​ သူ့ရဲ့အ​လေးအနက်​ရှိ​နေတဲ့
မျက်​လုံး​လေး​တွေကိုမြင်​တဲ့အခါ မပြုံးဘဲမ​နေနိုင်​​တော့။
"မလိုပါဘူး။ဇာတ်​လမ်းထဲမှာ ရွှီကျစ်​ယန်​က လင်​ချီနဲ့
ဇာတ်​ကွက်​အများဆုံးပဲ။ပါ​မောက္ခလင်​ချီဇာတ်​​ကောင်
အတွက်​ Omegaတစ်​​ယောက်​ကို ရှာမှာအ​သေအချာပဲ။
မင်းက သူ့ထက်​ သိပ်ပြီးအရပ်​ပု​နေမှာ မဟုတ်​ပါဘူး"

Accidental Mark {Myanmar Translation}Where stories live. Discover now