Chapter-5

5.6K 1K 2
                                    

For Zawgyi~

ချန်​ရှရဲ့ သင့်​အ​ပေါ်ယုံကြည်​မှု -1

နောက်​တစ်​​နေ့မနက်​မှာ..​ဖေး​ရှောက်​ဇီနိုးလာတာနဲ့
အသက်​မပါတဲ့ systemရဲ့အသံကို သူ့စိတ်​ထဲမှာ ကြားလိုက်​ရသည်​။[ပထမဆုံး mission မပြီး​မြောက်​တာ​ကြောင့်
ကစားသူဆီက​နေ points (50) နုတ်​လိုက်​ပါပြီ]

System (1022)မှာ သိသိသာသာကို ​ဖေး​ရှောက်​ဇီအ​ပေါ်
လက်​​လျှော့လိုက်​ဟန်​ရှိသည်​။သူ့ရဲ့အသံက မ​နေ့က​လောက်
တက်​ကြွမှုရှိမ​နေ​တော့။

ဖေး​ရှောက်​ဇီရဲ့အမူအရာက သိပ်​​တော့ ​ပြောင်းလဲမသွားပါ​ချေ။သူဘာမှ မကြားလိုက်​သလိုမျိုး ကိုယ်​ကိုလှည့်​ပြီး
အိပ်​ရာကထလိုက်​သည်​။အိပ်​ရာက ပူ​လောင်​​နေ၏။
သူ ချန်​ရှရဲ့ နဖူးကို သွားထိကြည့်​လိုက်​တဲ့အခါ ဒီလူသား​မှာ အဖျားရှိ​နေတာကို သိလိုက်​ရသည်​။

ဖေး​ရှောက်​ဇီ ထသွားပြီး ​ရေ​နွေးတစ်​ခွက်​ ထည့်​လိုက်​၏။
သူ ချင်​ယွိ​ပေးခဲ့တဲ့ အဖျားကျ​ဆေး​တွေထဲက ​ဆေးတစ်​လုံးကို ယူပြီး ချန်​ရှ​သောက်​ဖို့ ကူညီ​ပေးလိုက်​သည်​။အဲ့ဒီ​နောက်
သူ​ရေချိုးခန်းထဲက တဘက်​အသစ်​တစ်​ထည်​သွားယူပြီး
ရေ​အေး​ထဲမှာ နှစ်လိုက်​​ကာ ​ရေပြန်​ညှစ်​​ပြီး ကိုယ်​အပူ
ကျ​စေဖို့ ချန်​ရှနဖူး​ပေါ် တင်​​ပေးထားလိုက်​သည်​။အဖျားကျ
ဆေးနဲ့ ​ရေ​ဖတ်​ဝတ်​ကပ်​​ပေးလိုက်​တာ​ကြောင့်​ ချန်​ရှရဲ့ ကိုယ်​အပူချိန်​ နည်းနည်း​တော့ ပြန်​ကျလာခဲ့သည်​။

အဲ့ဒီအချိန်​မှာပဲ လက်​​ထောက်​ကျန်​ဖန်​က President​ဖေး
ဆီက မက်​​ဆေ့ခ်ျ​ကို​တွေ့သွားပြီး အိပ်​ရာထ,ထချင်း စာပြန်
လိုက်​၏။"​ကောင်းပါပြီ..President ​ဖေး"

ခရီးစဉ်​​တွေကို ဖျက်​ရမယ်​?ဒီ​နေ့ သိပ်​အ​ရေးမကြီးတဲ့
မိတ်​ဆုံစားပွဲ နှစ်​ခု​လောက်​ပဲ စီစဉ်​ထားတာမို့ သူတို့
ဖျက်​လိုက်​လည်း ကိစ္စမရှိလေဘူး။အဲ့ဒါက...
ကျန်​ဖန်​အ​နေနဲ့ စိတ်​ရှုပ်​သွားရုံ​လေးပါပဲ။President​ဖေး
ထျန်​ရွှမ်းကို လက်​လွှဲယူပြီးကတည်းက ကုမ္ပဏီရဲ့ကိစ္စ​တွေကို
မေးမြန်းတာ ကြုံ​တောင့်​ကြုံခဲပဲ။ ဘာလို့ သူက
ရုတ်​တရက်ကြီး ​ကျောက်​ဝမ်းရှိုကို ​တွေ့ဖို့ ​ခေါ်တာလဲ? President​ဖေးက ​ထျန်ရွှမ်းမှာ ​​ကျောက်​ဝမ်းရှိုလို့ 
ခေါ်တဲ့ ​အေးဂျင့်​တစ်​​ယောက်​ရှိမှန်း တကယ်​ကြီး
သိ​သေးတယ်​​ပေါ့​လေ?

Accidental Mark {Myanmar Translation}Where stories live. Discover now