Chapter-24

3.9K 847 57
                                    

For Zawgyi~

သူဒီဇာတ်​​ကောင်​ကို သရုပ်​​ဆောင်​ခဲ့ရပြီ(၂)

ချန်​ရှဝတ်​ထားတဲ့ကျောင်းဝတ်​စုံက လွန်​ခဲ့တဲ့ရက်​ပိုင်း
MVရိုက်​ကူးပြီး​နောက်​ ​စပွန်​ဆာဖြစ်​သူ​ပေးခဲ့တာပင်​။
ဒါက မူရင်းဝတ္ထုထဲမှာ​ ဖော်​ပြထားခဲ့သလိုမျိုး...
'အဖြူသန့်​ဆုံး​လျှော်​ဖွတ်​ထားတာ'မဟုတ်​​ပေမဲ့..
ကျောင်းဝတ်​စုံဝတ်​ထားတာကိုက ဇာတ်​​ကောင်​ကို
ပိုပြီးအသက်​ဝင်​လာ​စေလိမ့်​မယ်​လို့...သူ့အ​နေနဲ့
ခံစားမိ​သည်​လေ။တကယ်​တမ်း..ချင်​နျန့်​ရဲ့မိသားစုက
နွမ်းပါး​လေပြီး..သူ့ဆီမှာ သင့်​တင့်​​ကောင်းမွန်​တဲ့
အဝတ်​အစား​လည်း များများစားစား မရှိပါ​ချေ။
သူက ​ကျောင်းဝတ်​စုံတစ်​ခုတည်းကိုပဲ ​နေ့တိုင်းနီးပါး
ဝတ်​ဆင်​​နေခဲ့တာဖြစ်​သည်​။

လျိုရွှယ်​ယိတစ်​​ယောက်​ ​ကျောင်းဝတ်​စုံနဲ့လူငယ်​​လေးကို
မြင်​ပြီးသကာလ..သူ့အကြည့်​​တွေက ချက်​ချင်းကိုပဲ
ပိုကာနူးညံ့လာ​တော့၏။သရုပ်​​ဆောင်​တဲ့အမူအရာက
ဆိုးရွား​နေရင်​​တောင်​ အနည်းဆုံး​တော့ စိတ်​ထား​လေးက
ပြောစရာလိုမ​နေ​ချေ။စိုးရိမ်​တတ်​လွန်းပြီး သူတို့​ပြောရမဲ့
စကားလုံး​တွေပါ​မေ့တတ်​တဲ့လူ​တွေထက်​စာရင်​..ဒီလို
ကြိုးကြိုးစားစားရှိလှတဲ့လူသစ်​​လေးက ပို​ကောင်းတဲ့
အမြင်​ကို ​ပေးနိုင်​သည်​ပင်​။

လျိုရွှယ်​ယိ အသာအယာ ​မေးလာ၏။
"မင်း ဘယ်​ဇာတ်​ဝင်​ခန်း​တွေ ပြင်​ဆင်​လာလဲ?"

"Act 37 နဲ့ 56ပါ"

ဒါရိုက်​တာလျိုနဲ့ ရွှီ​မော့ရန်​တို့ နှစ်​​ဦးသားမှာ
အကြည့်​ချင်းဖလှယ်​လိုက်​မိ​တော့၏။ချန်​ရှက
မထင်​မှတ်​ဘဲ ယဲ့မင်​ချန်​နဲ့တိုက်​ဆိုင်​​နေ​သည်​​လေ။
အဲ့လိုဖြစ်​​နေသည့်​တိုင်​...မ​ကောင်းတာမရှိ​ပေ။
ချင်​နျန့်​ဇာတ်​​ကောင်​အတွက်​ ပိုသင့်​​တော်​တဲ့သူကို 
သူတို့အ​နေနဲ့ တစ်​ပြိုင်​တည်း နှိုင်းယှဉ်​ကြည့်​ဖို့
ပိုအဆင်​​ပြေသွားသည်​ပင်​။

လျိုရွှယ်​ယိ​ခေါင်းငြိမ့်​လိုက်​ပြီး.."​ကောင်းပြီ..အရင်​ဆုံး
မစခင်​ မင်းကိုယ်​မင်း အရင်​ပြင်​ဆင်​လိုက်​ပါဦး"

Accidental Mark {Myanmar Translation}Where stories live. Discover now