Chapter-29

4K 828 53
                                    

For Zawgyi~

MVထွက်​ဖို့ အတည်​ပြု

ဖေး​ရှောက်​ဇီအ​နေနဲ့ အလုပ်​ကြမ်းပိုးဖြစ်​​နေရင်​​တောင်
နှစ်​သစ်​ကူးပြီးပထမဆုံးရက်​မှာတင်​ လူတိုင်းကိုအဖွဲ့ထဲ
ဝင်​​ရောက်​​စေဖို့ မဖြစ်​နိုင်​​ပေ။နောက်​ပြီး...ဆရာရွှီနဲ့
စပါးလင်​​လေးရဲ့ဇာတ်​ညွှန်းကို မြန်​မြန်​ဆန်​ဆန်​ကြီး
ပြောင်းလဲပစ်​ဖို့ရာလည်း​ မတတ်​နိုင်​ပါ​ချေ။ဒီ့အပြင်​..
ကျန်​တဲ့လူတိုင်းကလည်း နှစ်​သစ်​ကိုအိမ်​မှာ​နေရင်းသာ
ကုန်​ဆုံး​နေကြသည်​​လေ။

ဒါ​ကြောင့်​ပဲ..လွန်​ခဲ့တဲ့ရက်​အနည်းငယ်​က သူ့အ​နေနဲ့
'ညီငယ်​​လေးကိုပုံသွင်းခြင်း'အ​မှုမှာ သူ့အာရုံ​တွေကို
စူးစိုက်​ထားနိုင်​တာပင်​။

ဖေး​ရှောက်​ယန်​တစ်​​ယောက်​ အိမ်​မှာစာလုပ်​ဖို့ရာ
အားထုတ်​​နေရ​လေပြီး..​ဖျားပင်​ဖျား​တော့မတတ်​။
သူ့သူငယ်​ချင်း​တွေက ​နေ့တိုင်း​အပြင်​ထွက်​လည်​ဖို့
ဖုန်းဆက်​ခေါ်​နေ​ပေမဲ့..သူ့အစ်​ကိုက သူ့ကား​ရော
ကတ်​​တွေအားလုံးပါ သိမ်းယူထားသည်​​လေ...။
သူလုံးဝ အပြင်​မထွက်​နိုင်​​ပေ။နောက်​ပြီး​တော့...
သူ့အစ်​ကိုက ဒီဇာတ်​ညွှန်း​တွေကို သူ့ဆီပစ်​​ပေးပြီး
ဖတ်​ခိုင်းတဲ့အပြင်​..စိစစ်​ထားတဲ့မှတ်​စု​တွေကိုပင်​ 
ရေးခိုင်းခဲ့​သေးသည်​...။

သူ့ဖင်​ကြီးကိုပဲ စိစစ်​​နေလိုက်​!သူ့မှာ ဒီအရာ​တွေကို
စိတ်​ဝင်​စားမ​နေဘူး!

နှစ်​ရက်​မျှပိတ်​ခံထားရပြီး​​နောက်​..​​အဆုံးမှာ​တော့
ဖေး​ရှောက်​ယန်​ခမျာ အပြင်​ထွက်​ခွင့်​ရသွား​ချေပြီ။
ဒီနေ့က ​ဖေ​ဖော်​ဝါရီ ၁၂ရက်​​နေ့ဖြစ်​ပြီး လူနာနှစ်​သစ်​ရဲ့
ဒုတိယ​မြောက်​​နေ့လည်းဖြစ်​​ပေသည်​။သူ့မိခင်​က​တော့
နှစ်​သစ်​လက်​​ဆောင်​​တွေ​ပေးဖို့ရာ လုအိမ်​​တော်​ကို
ပြန်​သွားမည်​ဖြစ်​ကာ...သူသည်​လည်း သူမနဲ့အတူ
'အဘိုးကိုလွမ်းတယ်​'ဆိုတဲ့အ​ကြောင်းပြချက်​ဖြင့်
လိုက်​သွားလိုက်​​ပါ၏။

လုမိသားစုက အိမ်​ခြံမြေလုပ်​ငန်းတစ်​ခုဖြစ်​​လေသည်​။
လုမန်​ကျင်းက ဒီ,လုမိသားစုရဲ့မျိုးဆက်​​တွေထဲမှာ
တစ်ဦးတည်းေ​​သာ မိန်းကေ​လးOmegaပင်​။သူမရဲ့
အစ်​ကို​တွေက အကုန်​Alpha​တွေချည်းသာဖြစ်​ပြီး..
သူမ ငယ်​ငယ်​​လေးတည်းက လုမိသားစုဝင်​​တွေရဲ့
အချစ်​ခံခဲ့ရ​ပေသည်​။သူမက ဒီအချစ်​​တွေအားလုံးကို
သူမရဲ့သားနှစ်​​ယောက်​ဆီကို လွှဲ​ပြောင်း​ပေးခဲ့တာပင်​။

Accidental Mark {Myanmar Translation}Where stories live. Discover now