Chapter-36

3.7K 725 56
                                    

For Zawgyi~

သူငယ်ချင်းများစုရပ်မှာ​​​မက်​​ဆေ့ခ်ျ​တစ်​​စောင်​ချန်​ရစ်​ခဲ့

မျက်​စိတစ်​မှိတ်​အတွင်းမှာတင်​ 'ကျဲကျီ'ရိုက်ကူးေ​ရး
စတင်​တာ တစ်​ပတ်​ပင်​ရှိသွား​လေပြီ။

သ​ဘောတူသတ်​မှတ်​ထားတဲ့ အချိန်​ဇယားအတိုင်းပဲ..
လျိုရွှယ်​ယိဘက်က​ သရုပ်​​ဆောင်​အနည်းစုရဲ့သီးသန့်
ဇာတ်​ဝင်​ခန်းအားလုံးကို ပြီးစီး​သွားခဲ့ပြီဖြစ်၏​။ချန်ရှနဲ့
ယဲ့မင်ချန်​​တို့ နှစ်ဦး​ကြားက ဖွင့်​ဟ​ပြောစရာမလိုတဲ့
ပူး​ပေါင်းမှု​ကြောင့်​ မူရင်းဝတ္ထုထဲက ​ချင်​နျန်​နဲ့ရွှီ​ဖေးရဲ့
အပြိုင်​ဇာတ်​ဝင်​ခန်း​တွေလည်း အပြီးသတ်​သွား​ပြီပင်​။

ပိတ်​ရက်​ဖြစ်​သည်​မို့ နှင်း​တွေကတစ်ဖန်​​စတင်​ကျဆင်း​ လာခဲ့ပါ၏။

လျိုရွှယ်​ယိက ချန်​ရှနဲ့ရှန်​ခိုင်​ကို မနက်​​စော​စောစီးစီး
ခေါ်ထုတ်​လာပြီး စိတ်​ရှည်​လက်​ရှည်​စကားဆို​လေသည်​။
"မင်းတို့နှစ်​​ယောက်​ အခုပိုပြီးရင်းနှီးလာကြပြီမလား?
ဒီ​နေ့​တော့ ငါ ချင်​နျန်​နဲ့လုဖုန်းယန်​ အခန်း​တွေကို အဓိက
ရိုက်​ဖြစ်​လိမ့်​မယ်​။စိတ်​မလှုပ်​ရှားနဲ့။အရင်ဆုံး​တစ်​ဖက်​ကို
သွားပြီး မင်းတို့ဇာတ်​ညွှန်းကိုဖတ်​​နေ"

လူငယ်​​လေးနှစ်​​ယောက်​က သူတို့ရဲ့ဇာတ်​ညွှန်းကိုယ်​စီနဲ့
ဆိတ်​ငြိမ်​တဲ့​ထောင့်​တစ်​​နေရာကို သွားကာ..စကား​ပြော
လေ့ကျင့်​ဖို့ အစပျိုးလိုက်​​​ပေသည်​။

ချန်​ရှမှာ ဒီAlphaအ​ပေါ် ​နက်​ရှိုင်းလှတဲ့ထင်​မြင်​ချက်​မျိုး
မရှိ​ပါချေ။လွန်​ခဲ့တဲ့ရက်​အနည်းငယ်​က...ပုံမှန်​အားဖြင့်
သူတို့က တသီးတခြားစီရိုက်​ကူး​ခဲ့ပြီး ​အဆက်​အသွယ်​ပင်
သိပ်​​မရှိခဲ့။ရှန်​ခိုင်​ရဲ့သူ့အ​ပေါ်ထားတဲ့ သ​ဘောထားက​​တော့
အ​တော်​​အသင့်​ ရင်းနှီး​လေသည်​။သူတို့ဆုံမိကြတဲ့အခါ..
တစ်​​ယောက်​နဲ့တစ်​​ယောက်​ နှုတ်​ဆက်​ပြီး ​ပေါ့​ပေါ့ပါးပါး
စကားစမြည်​​ပြောကြလိမ့်​မည်​သာ။ဒါ​ပေမဲ့ ရင်းနှီးလား?
ဆိုရရင်​...သူတို့ တကယ်​ကို မရင်းနှီးပါ​လေ။

Accidental Mark {Myanmar Translation}Where stories live. Discover now