Chapter-57

3.3K 573 16
                                    

For Zawgyi~

ရဲသင်​တန်း​ကျောင်းသို့ အလည်​တစ်​​ခေါက်

ရဲအရာရှိဇာတ်​​ရုပ်​ကို​အရယူဖို့က ^ချင်​နျန်​^ဇာတ်​ရုပ်​ကို
အရယူတာထက်​ အများကြီး ပိုခဲယဉ်း​​မယ်​ဆိုတာ ချန်​ရှ
သိပါ၏။ကျဲကျီက ထျန်​ရွှမ်းက​နေ ရင်းနှီးမြှုပ်​နှံထားတဲ့
ဇာတ်​လမ်းတွဲဖြစ်​​ပေမဲ့ ​ကျောင်းတွင်း အွန်​လိုင်းဒရမ်​မာ
တစ်​ခုသာဖြစ်​​​ချေသည်​။အင်တာတိန်းမန့်​​​လောကထဲက
အရည်​အချင်းနည်းနည်းရှိတဲ့အနုပညာရှင်​​တွေက ဒီလို
လူငယ်​အချစ်​ဇာတ်​လမ်းမျိုး မရိုက်​ကူးလိုကြ​ပေ။

တစ်​ဖက်​မှာ​ ^ပျက်​ပြယ်​​နေ​သောသဲလွန်​စများ^က​တော့
လုံးဝတူညီမှုမရှိ​​ချေ။ဒီဇာတ်​လမ်းရဲ့အဓိကဖန်​တီးသူက
ဒီ​လောကထဲမှာ အလွန်​လွှမ်းမိုးမှုရှိတဲ့ သည်းထိတ်​ရင်​ဖို
ဇာတ်​လမ်းထုတ်​လုပ်​​ရေးအဖွဲ့တစ်​ဖွဲ့ဖြစ်​သည်​။ယခင်​က
ဒါရိုက်​တာကျူးကျန်း​ ရိုက်ကူးခဲ့ဖူးတဲ့ သည်းထိတ်​ရင်​ဖို
ဇာတ်​လမ်းတွဲ​​တွေက နာမည်​ကြီးပင်​။သည်းထိတ်​ရင်ဖို
ဇာတ်​လမ်းကို နှစ်​ခြိုက်​တဲ့ ပရိတ်​သတ်​​တွေရဲ့ရင်​ထဲမှာ
ဒါရိုက်​တာကျူးကား အရည်​အ​သွေးအာမခံချက်​တစ်​ခု
ဖြစ်​​ပေ၏။

ပျက်​ပြယ်​​နေ​သောသဲလွန်​စများ,က ​သွေးထွက်​သံယိုနဲ့
သတ်​ဖြတ်​တဲ့ဇာတ်​ကွက်​​တွေ​ကြောင့်​ ရုပ်​သံဌာန​တွေရဲ့
ပြန်​လည်​ဆန်းစစ်​မှုကို မ​ကျော်​ဖြတ်​ရ​သေးခင်​တည်းက
အွန်​လိုင်းဒရမ်​မာတစ်​ခုရဲ့လမ်း​ကြောင်းကို ရယူပြီးသား
ဖြစ်​သည်​။ပထမအဆင့်​နာမည်​​ကြီးသရုပ်​​ဆောင်​တွေက
ဒီလိုလျို့ဝှက်​သည်းဖိုဇာတ်​လမ်းမျိုးရဲ့ဇာတ်​လိုက်​ဖြစ်​ဖို့
ရည်​ရွယ်​ချက်​ရှိလိမ့်​မည်​မဟုတ်​​ပေမဲ့လို့ ဒုတိယအဆင့်​နဲ့
တတိယအဆင့်​သရုပ်​​ဆောင်​​တွေအတွက်​​ကမူ ဒီအရာက
idolဘဝက​နေ အင်အားကြီးမားတဲ့ ​သရုပ်​​ဆောင်အဖြစ်
ကူး​ပြောင်းဖို့အတွက်​ အ​ကောင်းဆုံးအ​ထောက်​အပံ့ပင်​။
ပရိတ်​​သတ်​​အုပ်​စုကား လူပင်​လယ်​ကြီး ဖြစ်​လာလိမ့်​မည်
ဖြစ်​ပြီး ပြိုင်​ဆိုင်​မှုသည်​လည်း ပြင်းထန်​လိမ့်​မယ်​ဆိုတာ
မှန်းဆလို့ပင်​ရ​နေ​လေပြီ။

Accidental Mark {Myanmar Translation}Where stories live. Discover now