Chapter-9

4.8K 983 30
                                    

For Zawgyi~

မျက်​နှာ​ပြောင်​တိုက်​တဲ့ ချန်​ရှ

ရှယ်​ယာရှင်​​တွေကို ဖေး​ရှောက်​ဇီအ​ပေါ် မယုံကြည်​တဲ့
အတွက်​လည်း အပြစ်​တင်​လို့မရ​ချေ။တကယ်​​တမ်းမှာ
မူလ​ဖေး​ရှောက်​ဇီက ဘာမှမည်​မည်​ရရအဖြစ်​မရှိတဲ့
ချမ်းသာ​တဲ့​ဒုတိယမျိုးဆက်​သခင်​​လေးဆိုတဲ့ အမြင်​ကို
လူတိုင်းအတွက်​ချန်​ထားခဲ့တာဖြစ်​​သည်​​လေ။ကျောင်းမှာဆို
သူက လူ​တွေနဲ့မကြာခဏ ရန်​ဖြစ်​ပြီး စာ​မေးပွဲလည်း
တစ်​ခါမှမ​အောင်​မြင်​​တဲ့ ​ကျောင်းသားဆိုးတစ်​​ယောက်
ဖြစ်​​နေ​တော့တာပင်​။

ဖေးရှန့်​ သူ့သားရဲ့အသုံးမကျမှုကြီးကိုသိ​နေတာ​ကြောင့်
တက္ကသိုလ်​ဝင်​ခွင့်​စာ​မေးပွဲကို ခပ်လွယ်လွယ်​​​လက်​​လျှော့ဖို့
ပြောခဲ့ပြီး သီးသန့်​တက္ကသိုလ်​တစ်​ခုမှာ ​လေ့လာဖို့
ပြည်​ပကိုပို့လိုက်​သည်​။ဖေး​ရှောက်​ဇီ အသက်​၂၂နှစ်​မှာ
ဘွဲ့ယူကာ တရုတ်​ပြည်​ကိုပြန်​​ရောက်​လာပြီး​နောက်
ဖေးရှန့်​က ကုမ္ပဏီမှာလက်​​ထောက်​တစ်​​ယောက်​အ​နေနဲ့
၃နှစ်​အလုပ်​လုပ်​ခိုင်းခဲ့၏။ခွဲစိတ်​ကုသဖို့လိုတဲ့ အစာအိမ်
ကင်​ဆာလက္ခဏာ​ကြောင့်​ ​ဖေးရှန့်​က ​စော​စောစီးစီး
အနားယူလိုက်​ပြီး ​ဖေး​ရှောက်​ဇီ၂၅နှစ်​မှာ President
ရာထူး​ပေးလိုက်​​တော့သည်​။

သူ့သားက အလားအလာမ​ကောင်းသလို ကုမ္ပဏီပျက်​စီးစေမဲ့ အရာ​တွေပဲ လုပ်​​​လေသည်​။အဲ့ဒါ​ကြောင့်​ ​ဖေး​ရှောက်​ဇီက
ထျန်​ရွှမ်းရဲ့Presidentဆိုတဲ့ဂုဏ်​ပုဒ်​ရှိ​နေ​ပေမဲ့ တကယ်​တမ်း
ကုမ္ပဏီရဲ့အာဏာက ဒုတိယPresidentနှစ်​​ယောက်​ဖြစ်​တဲ့
ဆွေ့ကျူးနဲ့ ယန်​မင်​​ဝေလက်​ထဲမှာသာရှိနေတာပင်​။
အ​ရေးကြီးတဲ့ ဆုံးဖြတ်​ချက်​​တွေကို ​ဆွေ့ကျူးနဲ့
ယန်​မင်​​ဝေကသာ အတည်​ပြုရ​လေသည်​။

အခု ဒုတိယPresident​ဆွေ့ရဲ့ ထျန်​ရွှမ်းကိုသိမ်းမဲ့
အစီအစဉ်​က မစတင်​​သေး​ပေ။ဒါက သူ့လို
'စွန့်​ပစ်​ခံအ​မွေဆက်​ခံသူ'​အတွက် ​ရှေ့ထွက်​ရမဲ့အချိန်​ပဲ။

ဖေး​ရှောက်​ဇီရဲ့ မျက်​လုံး​တွေက ဒီမှာရှိ​နေတဲ့လူ​တွေအ​ပေါ်
ရွေ့သွားပြီး နက်​ရှိုင်းတဲ့​လေသံနဲ့ ​ပြောလာခဲ့၏။
"အားလုံးပဲ ​ကောင်းသောမနက်​ခင်းပါ...ကျွန်​​တော့်​မှာ
ထျန်​ရွှမ်းရဲ့ စီမံခန့်​ခွဲမှုနဲ့ပတ်​သက်​ပြီး လတ်​တ​လော
စိစစ်​ချက်​​တွေအရ အ​ထောက်​အကူမဖြစ်​တဲ့​အပိုင်း
တစ်​ချို့ရှိနေတာကို ​တွေ့ရတယ်​..ကျွန်​​တော်​ပြန်​ပြင်​ဆင်
ထားတဲ့အချက်​အလက်ေ​တွကို ဒီကလူကြီးမင်း​တွေနဲ့ 
ဆွေး​နွေးဖို့ဒီနေ့ ဒီကိုလာခဲ့တာပါ"

Accidental Mark {Myanmar Translation}Where stories live. Discover now