Chapter-15

4.5K 940 56
                                    

For Zawgyi~

မ​တွေ့ဖြစ်​တာ​တောင်​မှပဲ မင်းရဲ့​ယုံကြည်​မှု​တွေ
တိုးနိုင်​တယ်လား​?

ချန်းယိကျွင်းဆီက မက်​​ဆေ့ခ်ျ​ရရပြီးချင်း စာပြန်​ဖို့ရာ
ချန်​ရှ အလျင်​လိုမ​နေ​ချေ။အဲ့ဒီအစား..သူ့​အေးဂျင့်
မနက်​ဖြန်​အတွက်​ ဘာ​တွေစီစဉ်​ထားသလဲ သိရ​အောင်
ကျိုယန့်​ဆီ ဖုန်း​ခေါ်လိုက်​သည်​။

အဆက်​အသွယ်​ရတဲ့တစ်​ခဏမှာပဲ..ကျိုယန်​ အ​​​လောတကြီး
ပြောလာ၏။"ချန်​ရှ...အစ်​မအခုပဲ မင်းဆီ​ခေါ်​တော့မလို့..
ချန်းယိကျွင်းရဲ့​အေးဂျင့်​က အစ်​မကိုဆက်​သွယ်​လာတယ်​..
မနက်​ဖြန်​ကျရင်​ သူတို့က မင်းနဲ့ အစမ်းပြင်ဆင်မှု​တွေ
လုပ်​​​ကြည့်​ချင်​တယ်​လို့​ပြောတယ်​...MVက ဒီတစ်​ပတ်​အတွင်း ရိုက်​ကူးလိမ့်​မယ်​..သူမရဲ့အချိန်​ဇယားက
အရမ်းမြန်​လွန်းတာပဲ...အစ်​မတို့အ​နေနဲ့ အ​ကောင်းဆုံး
ပူး​ပေါင်းဖို့ပဲ လုပ်​နိုင်​တယ်​..မနက်​ဖြန်​(ကိစ္စ)အတွက်
မင်းမှာ​မေးစရာရှိ​သေးလား?"

ကျိုယန်​တစ်​​ယောက်​ တစ်​ဖက်​မှာချန်​ရှနဲ့ဖုန်း​ပြော​နေစဉ်
နောက်​တစ်​ဖက်​မှာ အခြား​အေးဂျင့်​နဲ့ ဆက်​သွယ်​ဖို့
ကွန်​ပျူတာထဲက WeChatကို သုံး​နေ​လေသည်​။

ချန်​ရှ မဆိုင်းမတွပင်​ ​ခေါင်းငြိမ့်​လိုက်​၏။"ကျွန်​​တော့်​မှာ
ဘာပြဿနာမှမရှိပါဘူး...အစ်​မယန်​ပဲ စီစဉ်​​စရာရှိတာ
စီစဉ်​​ပေးပါ"

ကျိုယန်​ WeChatမှာ 'ပြဿနာမရှိဘူး'ဆိုတဲ့
စာလုံး​ကိုရိုက်​ပြီး​နောက်​...ထပ်​​ပြောလာသည်​။
"ချန်းယိကျွင်းက အရမ်းသ​ဘော​ကောင်းတာပဲ..
သူမက မင်းကို သရုပ်​​ဆောင်​​ကြေး ယွမ်​၂​သောင်း​ပေးဖို့
ကမ်းလှမ်းထားတယ်​...အစ်​မ မင်းရဲ့သ​ဘောထားကို
သိချင်​တယ်​...မင်း ဒီပိုက်​ဆံ​တွေ လိုချင်​လား?"

ချန်​ရှ ရယ်​​မောလိုက်​၏။"ဘယ်​သူက ပိုက်​ဆံလိုလို့လဲ?
အစ်​မကျွင်းက လူသစ်​တစ်​​ယောက်​အ​နေနဲ့ ကျွန်​​တော့်​ကို
ကူညီဖို့ လိုလားတာ...ကျွန်​တော်​က​တောင်​ သူမကို
ကျေးဇူးတင်​သင့်​​သေးတယ်​..သရုပ်​​ဆောင်​​ကြေး
လက်​ခံတာက အရမ်းနာကျင်​စရာပဲ...ခင်​မင်​မှုကို
ရှေ့တန်းတင်​တာက ပို​ကောင်းပါတယ်​..​နောက်​ပြီး
ကျွန်​​တော်​က..သူမရဲ့ပရိတ်​သတ်​​လေ...ဒါကပဲ
သူမ​နောက်​လိုက်​ဖို့ ခွဲခြား​နေစရာမလို​တော့ဘူး...
သူမ တစ်​​ယောက်​​ယောက်​ကိုသာ ​ရွေးချယ်​လိုက်​ရင်
ကျွန်​​တော့်​မှာ မျက်​နှာထုတ်​ပြဖို့ အခွင့်​အ​ရေး​တောင်
ရှိလာမှာမဟုတ်​ဘူး"

Accidental Mark {Myanmar Translation}Where stories live. Discover now