Chapter-50

3K 580 17
                                    

For Zawgyi~

အ​တွေးနွံထဲတဝဲလည်​လည်

ဖေး​ရှောက်​ဇီ ထူးဆန်းတဲ့အိပ်​မက်​တစ်​ခု​ကြောင့်
နိုးလာခဲ့​လေသည်​။

အိပ်​မက်ထဲမှာ ​နေရာတိုင်းက မြူ​တို့ရစ်​သိုင်း​နေခဲ့ပြီး...
လေထုထဲ ပျံ့လွင့်​​နေ​တဲ့ လန်းဆန်းချိုမြိန်​တဲ့ သဘာဝ
လိ​မ္မော်​ရနံ့​​လေးကို သူ ရှူရှိုက်​မိသွား​​ပေသည်​။ဒါက..
သူ ပူအိုက်​​နေတဲ့အချိန်​မှာ သူ့​ရှေ့လာချ​ပေးသွားတဲ့
လိ​မ္မော်​ရည်​တစ်​ခွက်​လိုပဲ..သူ့အ​နေနဲ့ တုံ့ဆိုင်းမှုမရှိ
သောက်​လိုက်​မိ၏။လတ်​ဆတ်​တဲ့​ဖျော်​ရည်​က သူ့ကို
စိတ်​ကြည်​နူး​စေပြီး ​ပေါ့ပါးလန်းဆန်း​အောင်​ ဖန်​တီး
ပေး​သည်​မို့ သူ့တစ်​ကိုယ်​လုံး သက်​​သောင့်​သက်​သာ
ဖြစ်​​နေ​​ချေသည်​။

သူ နိုးလာတဲ့အခါ ခန္ဓာကိုယ်​တစ်​ခုလုံး ​ချွေး​တွေရွှဲနစ်​လို့။
အဝတ်​​တွေက သူ့ကိုယ်​မှာ​ချပ်​ကပ်​​နေပြီး ​တော်​​တော်​​လေး
အဆင်​မ​ပြေလှ​ချေ။ဖေး​ရှောက်​ဇီက ​အေး​အေး​ဆေး​ဆေး
ထပြီး ​ရေချိုးခန်းထဲသွားကာ သန့်​ရှင်း​ရေးလုပ်​ချင်​​​ပေမဲ့..
မ​မျှော်​လင့်​ဘဲ သူ့ကို ဖက်​တွယ်​ထားတဲ့လူတစ်​​ယောက်​ကို ​တွေ့လိုက်​ရ​ချေသည်​။

သူ အိပ်​ရာ​ဘေးက မီးအိမ်​ကိုဖွင့်​ပြီး အနီးကပ်​ကြည့်​လိုက်
လေ​တော့...ချန်​ရှတဲ့လား?

လူငယ်​​လေးက မျက်​လုံး​တွေမှိတ်​ထား၏။ခပ်​စိပ်​စိပ်
မျက်​​တောင်​ရှည်​​လေး​တွေက သူ့မျက်​ခမ်း​တွေထက်
အရိပ်​ထင်​ဟပ်​​နေခဲ့ပြီး။သူ့​ခေါင်းက ​ဖေး​ရှောက်​ဇီရဲ့
ရင်​ခွင်​ထဲ မြုပ်​​နေကာ အသက်​ရှုသံ​တွေ​ကို​တောင်​မှ
ကြားနား​နေရ​လေသည်​။

ဖေး​ရှောက်​ဇီ ရုတ်တရက်​ကြီး ရင်​ခုန်​မိ​သွား​ချေသည်​။
သူ့အိပ်​မက်​ထဲကလူနဲ့ ဒီမျက်​နှာ​လေးကို အလိုလို​နေရင်း
ဆက်​စပ်​ကြည့်​မိ​တော့၏။ပြီးခါမှ သူ ချက်​ချင်းလက်​ငင်း
သတိပြန်​ဝင်​လာကာ မဖြစ်​နိုင်​တဲ့သူ့အ​တွေးအဖုံဖုံ​ကြောင့်
ဆွံ့အသွားရ​ပေသည်​။ချန်​ရှက ငယ်​​သေးလွန်း​သည်​။
သူ ဘယ်​လိုများ ^က​လေး​တွေအတွက်​မသင့်​​တော်​တဲ့^
ကိစ္စ​တွေကို ချန်​ရှနဲ့တွဲပြီး ​တွေးနိုင်​ရတာလဲ?..ဒါမျိုးက
လူငယ်​​လေးကို ​မ​လေးစားရာ​ရောက်​သည်​​လေ။

Accidental Mark {Myanmar Translation}Where stories live. Discover now