Chapter-34

3.8K 773 62
                                    

For Zawgyi~

နှင်း​တောထဲကပို့​ဆောင်​လာတဲ့အ​နွေးဓာတ်​​လေး(၂)

နောက်​​နေ့နံနက်​​​စော​စောမှာ​​​ ဖေး​ရှောက်​ဇီ သူ့ညီကို
ရိုက်​ကွင်းဆီ​ခေါ်သွားလိုက်​၏။

ဒီ​ကနေ့​​ နှင်း​တွေ​ တော်​​တော်​​လေးကျဆင်း​နေ​လေကာ..
လျိုရွှယ်​ယိတစ်​​ယောက်​ ချန်​ရှနဲ့ရှန်​ခိုင်​ရဲ့တစ်​ကိုယ်​​တော်
ဇာတ်​ဝင်​ခန်း​တွေကို အပြီးသတ်​ရိုက်​ကူးဖို့ ဒီအ​ခြေအ​နေကို
အခွင့်​​ကောင်းယူချင်​​နေ​​​ပေ၏။မတိုင်​ခင်​က လျိုရွှယ်​ယိမှာ
ရှန်​ခိုင်​နဲ့အတူ ရိုက်​ကူး​ရေးလုပ်​ဖူးသည်​မို့ ရှန်​ခိုင့်​အပိုင်းကို
အရင်​ရိုက်​ကူးကာ ချန်​ရှကို​တော့ သူ့​ဘေးမှာထားရင်း 
စောင့်​ကြည့်​​ခိုင်းလိုက်​​ချေသည်​။

သရုပ်​​ဆောင်​ရှန်​ခိုင်​မှာ ​'ဗုဒ္ဓ'လက်​သစ်​​ အလားပင်​။

အင်​တာတိန်းမန့်​​လောကထဲမှာရှိတဲ့ လူသစ်​အများစုက
အတတ်​နိုင်​ဆုံး မြန်​မြန်​ဆန်​ဆန်​ ​ကျော်​ကြားလာ​စေဖို့
ပိုများတဲ့အ​ထောက်​အပံ့​တွေအတွက် ​​​တိုက်​ခိုက်​ဖို့သာ
တွေး​တော​နေ​​​​ကြမည်ဖြစ်ပြီး​​။ထိုအချိန်​​လေးအတွင်း​မှာ
ရှန်​ခိုင်​က​တော့ ရည်​မှန်းချက်​မကြီးမားလှတဲ့ငပျင်း​လေး
ဖြစ်​လို့​နေ၏။သူဆိုသည်​က ​အေးဂျင့်​ဖြစ်​သူ ခိုင်းတာကို
လုပ်​​​ဆောင်​လေပြီး။သူ့မှာ အ​ထောက်​အပံ့တွေမရှိ​ခဲ့ရင်
အိမ်​မှာ​နေရင်း ပန်းချီဆွဲ​နေမည်​သာ။သူ့အ​နေနဲ့ ပန်းချီ
အနုပညာပိုင်းကို လေ့လာဖူးပြီး...ကျွမ်းကျင်​တဲ့ ရုပ်​ရှင်
အနုပညာ​ကျောင်းဆင်းတစ်​​ဦးတော့ မဟုတ်​ရပါချေ။
နောက်​ပိုင်းမှာ သူ့ကို​အေးဂျင့်​တစ်​ဦးက ရှာ​တွေ့သွားပြီး
စတူဒီယိုတစ်​ခုနဲ့စာချုပ်​ချုပ်​ကာ..အခုလို သရုပ်​ဆောင်
လမ်း​ကြောင်း​ပေါ် စတင်​​လျှောက်​လှမ်းခဲ့တာပင်​။

ကံအား​လျော်​စွာပဲ..ရှန်​ခိုင့်​မှာ ​ကောင်းမွန်​တဲ့သရုပ်​ဆောင်
အရည်​အချင်းရှိ​​နေပြီး.. လျိုရွှယ်​ယိနဲ့လည်း အလုပ်​အတူ
တွဲလုပ်​ဖူးတဲ့အ​တွေ့အကြုံရှိ​လေသည်​မို့...နံနက်​အ​စောပိုင်း
ရိုက်​ကူး​ရေးက ​အလွန်​ချော​မွေ့​နေခဲ့​ချေ၏။

Accidental Mark {Myanmar Translation}Where stories live. Discover now