Chapter-17

4.5K 867 53
                                    

For Zawgyi~

မစ္စတာ​ဖေးက ဘာလို့များ သူနဲ့
စကား​လာပြော​နေရတာလဲ?

ဖေး​ရှောက်​ဇီ ရိုက်​ကွင်းကို ​ရောက်​တဲ့အချိန်​က ​နေ့လည်
၁၂နာရီခွဲအတိပင်​။အဖွဲ့သား​တွေ ​နေ့လည်​စာစားဖို့
အချိန်​မတိုင်​​သေးတာမို့..သူ ကျန်​ဖန့်​ကို လူအ​ရေအတွက်
တွက်​ခိုင်းပြီး..အော်​ဒါ​မှာဖို့ ​လေသံတိုးတိုးနဲ့​ပြောလိုက်​၏။
ကျိုယန်​တစ်​​ယောက်​ သူ့ကိုသတိပြုမိသွားပြီး...ချက်​ချင်း
နှုတ်​ဆက်​လာ​လေသည်​။"President​ဖေး, ရှင်​...
ဒီ.....ရိုက်​ကူး​ရေးအဖွဲ့ဆီ အလည်​လာတာလား?"

Group Cမှာရှိတဲ့ အနုပညာရှင်​​တိုင်း​ရဲ့ အ​ရေးကြီးတဲ့
အလုပ်​​ဆောင်​ရွက်​ချက်​​တွေကို President​ဖေးထံ
တင်​ပြဖို့ လိုပြီး...မ​နေ့ကတင်​..ချန်ရှတစ်​​ယောက်​ 
ချန်းယိကျွင်းနဲ့အတူ MVရိုက်​ကူးဖို့ သွားရမဲ့အ​ကြောင်း
သူမ အသိ​ပေးခဲ့ပြီးဖြစ်​သည်​။သူမ​အ​နေနဲ့ ဒီ​နေရာမှာ
ဖေး​ရှောက်​ဇီ ရုတ်​တရက်​​ပေါ်လာတာကို မအံ့သြမိ​ပေ။
President​ဖေး ဒီကိုလာတာက ချန်းယိကျွင်းကို
မျက်​နှာသာ​ပေးချင်​တာ​ကြောင့်ဖြစ်မယ်​​လို့
သူမ​တွေးလိုက်​မိသည်​။နောက်​ဆုံး​တော့လည်း..
ချန်းယိကျွင်းက Group Cရဲ့အကြီးမားဆုံး
ကြယ်​တစ်​ပွင့်​ဖြစ်​​နေ​သေးသည်​​လေ။

လူတိုင်း...အဲ့ဒီလို​တွေးမယ်​ဆိုတာ ​ဖေး​ရှောက်​ဇီ
သိ​ပေမဲ့လည်း မရှင်းပြခဲ့​ချေ။သူ..အနီးအနားက
အလုပ်​ရှုပ်​​နေတဲ့ ဝန်​ထမ်း​တွေကို တစ်​ချက်​​ဝေ့ကြည့်​ပြီး
ကျိုယန့်​ကို အသံနိမ့်​နိမ့်​ဖြင့်​ ​မေးလိုက်​၏။"ရိုက်​ကူး​ရေးက
စ​နေပြီလား?"

ကျိုယန်​ ပြန်​​ဖြေလာ၏။"ဟုတ်​ကဲ့..ဒီ​နေ့အပြင်​မှာ
နှင်းကျကတည်းကပါ...ရှင်​ သွားကြည့်​ချင်​လား?"

ဖေး​ရှောက်​ဇီ 'အင်း'ဆိုပြီး​လေသံ​ဖျော့​ဖျော့နဲ့
သ​ဘောတူ​ကြောင်း​ပြလာတဲ့အခါ..ကျိုယန်​ သူ့ကို
စတူဒီယိုဆီ ​ခေါ်သွားလိုက်​သည်​။

ဒါရိုက်​တာကျန်​မှာ..ချန်​ရှ စန္ဒရားတီး​နေတဲ့အခန်းကို
ရိုက်​ကူး​နေဆဲဖြစ်​သည်​။ရိုက်​ကူးချိန်​မှာ ချန်းယိကျွင်း
မပါဝင်​​တာမို့..လူနှစ်​ဦးက ရိုက်​ကွင်းထဲမှာ မဆုံ​မိခဲ့​ချေ။
ထပ်​​ပြောရရင်​...ဒါက ပထမဆုံးအစမ်းရိုက်​ကူးမှုသာ
ဖြစ်​ပြီး ထည့်​သွင်း​စဉ်းစားမည်​မဟုတ်​​ပေ။

Accidental Mark {Myanmar Translation}Where stories live. Discover now