Chapter-43

3.6K 749 52
                                    

For Zawgyi~

အပြန်​အလှန်​စကားဝိုင်းဝယ်

ဒီတစ်​ကြိမ်​ ချန်​ရှရဲ့ဒဏ်​ရာက တကယ်​မပြင်းထန်​​ပေ။
အ​ရေးကြီးတဲ့ အခိုက်အတန့်​​​မှာမှ ဓားက စင်​တီမီတာ
နည်း​နည်း​လောက်​ လွဲ​ချော်​သွားခဲ့တာ​ဖြစ်​​လေပြီး။
ချင်​ယွိရဲ့အ​သေးစိတ်​ဂရုစိုက်​မှု​အောက်​မှာ ဒဏ်​ရာက
တဖြည်းဖြည်း သက်​သာလာ၏။သုံးရက်​​အကြာမှာ..
ချန်​ရှ ပတ်​တီးကိုဖယ်​ရှားလိုက်​ပြီး ​ချော​ချော​မွေ့​မွေ့ပင်
ဆေးရုံဆင်းလို့ရသွား​ချေသည်​။ကျိုယန်​တစ်​​ယောက်
သူ့ကို ကားနဲ့လာကြိုကာ...အမှတ်​(၁၇)အထက်​​တန်း
ကျောင်းမှာရှိတဲ့ ရိုက်​ကွင်းဆီ သူ့ကို တစ်​ခါထဲတန်းပြီး
ပြန်​ခေါ်သွား​လေ​တော့သည်​။

ချန်​ရှ ရိုက်​ကွင်း​ပေါ်ပြန်​​ရောက်​လာတဲ့အခိုက်​အတန့်​မှာ
လူတိုင်းက သူ့​အနား စုရုံးစုရုံးလုပ်​ရင်း ​နွေး​နွေး​ထွေး​ထွေး
မေးလာကြပါ၏။"ချန်​ရှ..ဒဏ်​ရာက နာ​နေ​သေးလား?"

"မင်း ​အဆင်​​ပြေရဲ့လား?"

ဒါရိုက်​တာလျိုသာမက စပါးလင်​​လေးနဲ့ ဆရာရွှီကပါ
စိတ်​ပူ​နေရှာပြီး..ချန်​ရှကို အချိန်​အ​တော်​ကြာ ဂရုစိုက်
ပေး​နေ​လေသည်​။ချန်​ရှ မျက်​နှာ​က ကြည်​လင်​​နေကာ
တောက်​​တောက်​ပပပြုံးလို့​နေ၏။
"ကျွန်​​တော်​အဆင်​​ပြေပါတယ်​​ဗျ။စိတ်​မပူပါနဲ့...
အခုချက်​ချင်း တန်း ​ရိုက်​လို့​တောင်​ရတယ်​!"

"ကျွန်​​တော့်​ကို စိတ်​ပူ​ပေးလို့ ​ဆရာ(မ)တို့ကို
ကျေးဇူးတင်​ပါတယ်​။ကျွန်​​တော်​ သက်​သာ​နေပါပြီ!"

တစ်​​နေ့ခင်းလုံး ​နေရာတိုင်း နှုတ်​ဆက်​​စကား​​သံတွေနဲ့သာ
ပြည့်​နှက်​​နေခဲ့ပြီး။ချန်​ရှနှလုံးသားထဲ ​နွေး​ထွေးမှုတို့ကား
ခိုဝင်​လာ​ချေ၏။သူ့အ​နေနဲ့ ^ကျဲကျီ^ အဖွဲ့သား​တွေကို
သ​ဘောကျသည်​ပင်​။ပြီးခဲ့တဲ့ မ​တော်​တဆမှုက ဖြစ်​ရပ်
တစ်​ခုမျှသာဖြစ်​​လေကာ..အလုပ်​အ​​ပေါ်ထားရှိတဲ့ သူ့ရဲ့
စိတ်​အားထက်​သန်​မှုကို​တော့ သက်​​ရောက်​မှုရှိလာမည်
မဟုတ်​​ပေ။

Accidental Mark {Myanmar Translation}Where stories live. Discover now