Chapter-49

3.5K 722 75
                                    

For Zawgyi~

President​ဖေးကို ဂရုစိုက်​​ပေးပါ

ဟိုတယ်​ကား ​တောင်​​တန်း​တွေကြား တည်​ရှိ​လို့​နေပြီး
မြို့ထဲက​နေဆို နှစ်​နှာရီ​လောက်​ ​မောင်းနှင်​ရ​လေသည်​။
အသွားအလာလမ်းခရီးက သိပ်​အဆင်​မ​ပြေလှသည်​​မို့
ဧည့်​သည်​​တွေအတွက်​ ​နေ့စဉ်​မရှိမဖြစ်​လိုအပ်​တဲ့အရာ
တွေကို ထားရှိ​ပေးဖို့ ဟိုတယ်​က စူပါမားကတ်​တစ်​ခုနဲ့
ဆေးဆိုင်​တစ်​ဆိုင်​ပါ ဖွင့်​ပေးထား​သည်​​လေ။
ချန်​ရှက အနက်​​ရောင်​ရှပ်​အင်္ကျီလက်​တိုကိုဝတ်​လို့
maskတပ်​ကာ ဦးထုပ်​​ဆောင်းလျက်​နဲ့ပဲ ​​​ဆေးဆိုင်
ရှိရာ​အောက်​ထပ်​ကိုဆင်းသွားကာ အဖျားကျ​ဆေး၊
အ​အေးမိ​ပျောက်​​ဆေးနဲ့ သာမိုမီတာတစ်​ခု သွားဝယ်
လိုက်​၏။ဝယ်​ပြီးတဲ့​နောက်​ သူက ဓာတ်​​လှေကားနဲ့
အလွှာ၂၀ကို တက်​သွားလိုက်​​ချေသည်​။

အချိန်​က ည ၁၁နာရီရှိ​နေပြီဖြစ်​ကာ ဓာတ်​​လှေကားထဲ
သူသိတဲ့လူ​တွေနဲ့ ထိပ်​တိုက်​မ​တွေ့မိပါ​လေ။ချန်​ရှခမျာ
အလွှာ၂၀က အခန်းနံပါတ်​ ၀၁ရဲ့ တံခါးဘဲလ်​ကိုနှိပ်​ရင်း
စိတ်​​အေးလက်​​အေးရှိသွားပြီး သက်​ပြင်းချမိ​တော့၏။

မကြာခင်​မှာပဲ ဖေး​ရှောက်​ယန်​က တံခါးလာဖွင့်​​ပေးပြီး
သူ့​ခေါင်းကို အပြင်​ထုတ်​ကာ ဟိုကြည့်​ဒီကြည့်​လုပ်​ရင်း
ကော်​ရစ်​ဒါမှာ လူတစ်​​ယောက်​မှ မ​တွေ့​မှသာ သူလည်း
စိတ်​​အေးသွားပြီး ချန်​ရှထံ ​​လေသံ​လေးနဲ့​ပြောလာ၏။
"ချန်​​ကော..President​ဖေးကို ​ကျေးဇူးပြုပြီး
ဂရုစိုက်​​ပေးပါဦး​​။ကျွန်​​တော့်​အိမ်​မှာ အ​ရေးတကြီး
ကိစ္စရှိ​နေလို့ အပြင်​ထွက်​ပြီး ဖုန်း​ပြောလိုက်​ဦးမယ်​"

မြှုပ်​ထားတဲ့အ​ကြောင်းအရာသည်​ကား-
ငါ​လေး မီးသီးတစ်​လုံးမဖြစ်​​စေရဘူး။နှစ်​​ယောက်​သား
စကား ​အေး​ဆေး​ပြောကြ.....ဆိုတာပင်​။

ချန်​ရှ ​တွေးလိုက်​​မိ၏။^​ရှောင်​ယန်​က လက်​​ထောက်
ဆိုပေမဲ့ President​ဖေး ​နေမ​ကောင်းတဲ့အချိန်​မှာ
အပြင်​ထွက်​ပြီး ဖုန်း​ပြောဖို့ ဆင်​​ခြေရှာ​နေတာပဲ^။
ရှောင်​ယန်​က သူနဲ့ President​ဖေးရဲ့ဆက်​ဆံ​ရေးကို
သိပြီးသားဖြစ်​ပုံပင်​။ဒါ​ကြောင့်​ သူက President​ဖေး
တစ်​​ယောက်​တည်းဖြစ်​​နေလို့ ချန်​ရှကို ​ခေါ်ခဲ့ချင်​တာပဲ
ဖြစ်​မည်​။ဒါမှမဟုတ်​..ဒါက President​ဖေး လိုချင်​တဲ့
အရာလား?

Accidental Mark {Myanmar Translation}Where stories live. Discover now