Chapter-52

3.2K 621 47
                                    

For Zawgyi~

သဝန်​တိုတာလား?

ဖေး​ရှောက်​ဇီ ရိုက်​ကွင်း ပြန်​​ရောက်​လာတဲ့အချိန်​မှာ​တော့
ချန်​ရှက ရိုက်​ကူး​ရေးလုပ်ေ​နဆဲဖြစ်​ပြီး ​ဖေး​ရှောက်​ယန်​က
ဒါရိုက်​တာ​ဘေးမှာ ရှိ​နေကာ။အစ်​ကိုဖြစ်​သူကို ​တွေ့တာနဲ့
အ​လောသုံးဆယ်​ ​ပြေးလာ​လေရဲ့။"​ကော...ကုမ္ပဏီမှာ
ဘာဖြစ်​လို့လဲ? အ​ရေးကြီးလား?"

ဖေး​ရှောက်​ဇီ လမ်း​လျှောက်​ရင်း ရှင်းပြလိုက်​၏။
"Omegaတစ်​​ယောက်​က ကိုယ်​ဝန်​ရှိသွားပြီး အနုပညာ
အသိုင်းအဝိုင်းက နှုတ်​ထွက်​ချင်​​နေလို့..အဲ့ဒီကိစ္စ​ကြောင့်
ငါ သူနဲ့​သွား​တွေ့တာ"

ဖေး​ရှောက်​ယန်​က​တော့ ဒီကိုယ်​ဝန်​​ဆောင်​တဲ့ကိစ္စရပ်​ကို
ကောင်း​ကောင်းကြီး လက်​ခံသည်​ပင်​။သူက^​သြော်​^လို့
ခပ်​​အေး​အေး ​ရေရွတ်​ပြီး မလှမ်းမကမ်းက ရိုက်​ကွင်းကို
ညွှန်​ပြလိုက်​၏။"ချန်​ရှနဲ့ ရှန်​ခိုင်​က ဇာတ်​ကွက်​တစ်​ခုထဲ
အတူတူရိုက်​​နေရတာ။ရှန်​ခိုင်​က သူ့​စကား​လုံး​တွေ​မေ့ပြီး
NG နည်းနည်း​​တောင်​ ဖြစ်​သွား​သေး။ဒါရိုက်​တာလျိုက
သူတို့ကို ဇာတ်​ညွှန်းပြန်​ဖတ်​ခိုင်းထားတယ်​။ဒါ​ပေမဲ့​လေ
ဒီအခန်းက နည်းနည်း​ပိုပြီး ဟိုလိုလိုဒီလိုလို ဖြစ်​​နေတယ်​"

ဖေး​ရှောက်​ဇီ မျက်​ခုံးတစ်​ဖက်​ ပင့်​လိုက်​၏။
"ဟိုလိုလို ဒီလိုလိုဖြစ်တယ်​?"

"ကျွန်​​တော်​ ချန်​​ကောရဲ့ဇာတ်​ညွှန်းကို ဖတ်​ကြည့်​​​တော့..
အခုအပိုင်းမှာ ချင်​နျန်​က လုဖုန်းယန်​ကို ချစ်​မိ​နေပြီ​လေ။
လုဖုန်းယန်​အိပ်​​ပျော်​​နေတဲ့အချိန်​ ချင်​နျန်​က တစ်​ဖက်​လူ
နှုတ်​ခမ်းကို ခိုးနမ်းရမှာ။ပြောချင်​တာက​တော့ ​နောက်​ပိုင်း
သူ ရှန်​ခိုင့်​ကို နမ်းရလိမ့်​မယ်။ဒါရိုက်​တာကြီး​ ပြောတာကျ
ဒါက အနမ်းစစ်​စစ်​ဖြစ်​သင့်​တယ်​..ဟန်​​ဆောင်​ပြီးရိုက်​လို့
မရဘူးတဲ့"​...ဖေး​ရှောက်​ယန်​ ​လေသံ​​လျှော့လိုက်​ကာ။
"​ကော..ကျွန်​​တော်​ ဆရာရွှီနဲ့ ဆရာမစပါးလင်​​လေးတို့
နောက်​ဇာတ်​ညွှန်းကို ​ဆွေး​နွေး​နေတာ ကြားခဲ့​သေးတယ်​။
ကြည့်​ရတာ သူတို့ ​နမ်းတဲ့အခန်း​တွေ ထပ်​ထည့်​ချင်​ပုံပဲ"

Accidental Mark {Myanmar Translation}Where stories live. Discover now