Chapter-33

3.9K 800 66
                                    

For Zawgyi~

နှင်း​တောထဲကပို့​ဆောင်​လာတဲ့အ​နွေးဓာတ်​​လေး(၁)

ဖေး​ရှောက်​ဇီက သူ့​နောက်​ကို​ဖေး​ရှောက်​ယန်​လိုက်​လာတဲ့ အထိ တဒင်္ဂ​လောက်​​စောင့်​ပြီးမှ ဒါရိုက်​တာလျိုအနားကို 
လျှောက်​သွား​လေသည်​။ဖေး​ရှောက်​ယန်တစ်​​ယောက်
သူ့အစ်​ကိုနား,နားတိုးကပ်​သွားကာ ပြုံးရယ်​လိုက်​ရင်း..
စကားစလာ၏။"​ကော..​နောက်​ဆုံး​တော့ ငါနားလည်​သွားပြီ"

ဖေး​ရှောက်​ဇီတစ်​​ယောက်​ မျက်​​မှောင်​ကြုတ်​လျက်​။
"မင်းက ဘာနားလည်​တာလဲ?"

ဖေး​ရှောက်​ယန်​က အဓိပ္ပါယ်​အပြည့်​နဲ့ပြုံးကာ..သူ့အစ်​ကိုကို
ကြည့်​တဲ့အချိန်​မှာ ​လေးစားအားကျမှု​တွေယိုဖိတ်​လို့​နေ၏။
"မင်းမှာ ​တော်​​တော်​​ကောင်းတဲ့မျက်​လုံး​တွေရှိတာပဲ"

ဖေး​ရှောက်​ဇီ : " ? "

လျိုရွှယ်​ယိ လှည့်​လာပြီး..သူ့​ရှေ့က တစ်​စက်​​လေးမှ
မရင်းနှီးပါတဲ့ လူငယ်​​လေးကို သိချင်​စိတ်​အပြည့််​နဲ့
ကြည့်​​နေမိ​ချေသည်​။ဖေးရှောက်​ဇီက​တော့ သူ့ညီကို
အဖက်​မလုပ်​​ဘဲ ဒါရိုက်​တာလျိုနဲ့သာ တစ်​ခါတည်း
မိတ်​ဆက်​​ပေးလိုက်​​​လေ​တော့၏။"ဒါရိုက်​တာလျို...
သူက ကျုပ်​ရဲ့လက်​​ထောက်​အသစ်​။သူ့မျိုးရိုးက ယန်​။
ခင်​​ဗျား သူ့ကို​ရှောင်​ယန်​လို့ ​ခေါ်လို့ရတယ်​။အခုကစပြီး
အဖွဲ့ထဲမှာ လိုအပ်တာ​ သူကူညီ​ပေးမှာမို့လို့...သူ့ကို
ခင်ဗျားကြိုက်​တာ ဘာမဆိုခိုင်းလို့ရတယ်​။သူက အခုမှ
အလုပ်​သင်​ဆို​တော့ သင်​ယူစရာ​ရှိတာသင်​ယူရ​အောင်
အတူ​ခေါ်လာခဲ့တာ"

လျိုရွှယ်​ယိ ​ခေါင်းငြိမ့်​လိုက်​၏။"အိုး...​ရှောင်​ယန်...
ဟုတ်​တယ်​မလား?မင်း ငါနဲ့အတူ ရုပ်​ရှင်​ရိုက်​တာကို
လိုက်​ပြီး​လေ့​လာ​လို့ရပါတယ်​"..လျိုရွှယ်​ယိအ​နေနဲ့
ရိုက်​ကူး​ရေးအဖွဲ့ဆီ သရုပ်​ဆောင်​​​တွေ​ခေါ်​ဆောင်​လာတဲ့
ရင်းနှီးမြှုပ်​နှံသူအများအပြားကို မြင်​​တွေ့ဖူး​ပေသည်​...
ဒါ​ပေသိ လက်​​ထောက်​လေးတစ်​​ယောက်​ကကျ ဘယ်​လို
အ​ခြေအ​နေပါလဲ​လေ? ဒါရို​က်​တာလျိုတစ်​​ယောက်
စိတ်​ရှုပ်​​ထွေး​နေ​ပေမဲ့လည်း...ဒီလက်​​ထောက်​​လေးက
President​ဖေးနဲ့ ​အလွန်​ရင်းနှီးတဲ့ပတ်​သက်​မှုတစ်​ခု
ရှိ​နေ​လေ​ကြောင်း အလိုလိုပင်​ခံစားမိ​နေသည်​။ဒါ​ကြောင့်
သူက ဒီလက်​​ထောက်​​လေးကို ​မျက်​နှာလွှဲခဲပစ်​မလုပ်​ဘဲ
တော်​တော်​​လေးအ​ရေးတယူရှိ​ရသည်​ပင်​။

Accidental Mark {Myanmar Translation}Where stories live. Discover now