Chapter-10

4.9K 995 29
                                    

For Zawgyi~

ဖေး​ကော,ကျွန်​​တော့်​ကိုအင်္ကျီငှါး​ပေးတဲ့အတွက်
ကျေးဇူးတင်​ပါတယ်

ကျိုယန်​ ရုံးခန်း​ပြောင်း​ရွှေ့ရင်း အလုပ်​များ​နေ​တဲ့အချိန်
စိုးရိမ်​​သောက ကြီးမား​တဲ့ ​လေထုကိုရှူရှိုက်​လိုက်​မိသည်​။

Group Cကသူမရဲ့လုပ်​​ဖော်​ကိုင်​ဖက်​​တွေမှာ အပိုဆု​ကြေး​တွေ ဖြတ်​​တောက်​ခံရမှာစိုးထိတ်​​နေပြီး President​ဖေး
နောက်​ကို လိုက်​ရင်​ ​ကောင်းကျိုးရဖို့လမ်းမမြင်​ဘူးလို့
ခံစား​နေရကာ မြည်​တမ်း​နေကြ​လေသည်​။ဒါ​ပေမဲ့
ကျိုယန်​က​တော့ အလိုလိုသိ​နေသည်​။ဖေး​ရှောက်​ဇီက
ကောလာဟလ​တွေထဲကလိုမျိုး လူဖျင်းလူညံ့တစ်​​ယောက်
မဖြစ်​နိုင်​​ပေ။ဒီ​နေ့ သူမ ​ဖေး​ရှောက်​ဇီကို ပထမဆုံးအကြိမ်
မြင်​လိုက်​ရချိန်​မှာ ဒီAlphaရဲ့ တည်​ငြိမ်​စူးရှတဲ့အကြည့်​က
လူ​တွေကို ​ကြောက်​မက်​ဖွယ်​ဖိနှိပ်​မှုကို ​ပေးစွမ်း​နေသည်​​လေ။
သူ့ရဲ့တည်​ငြိမ်​မှုနဲ့ တိကျပြတ်​သားတဲ့လုပ်​​ဆောင်​မှု​တွေက
ရူးနှမ်း​နေတဲ့လူတစ်​​ယောက်​နဲ့ ဆင်​တူမ​နေ​ချေ။

ကျိုယန်​ သူမစားပွဲကိုသန့်​ရှင်း​ရေးလုပ်​လိုက်​ပြီး ဝင်​ထိုင်​ကာ
President​ဖေး သူမကို​ပေးလိုက်​တဲ့ ချန်​ရှရဲ့
အချက်​အလက်​​တွေကို ဂရုတစိုက်​ဖတ်​ဖို့ ​ပြင်​လိုက်​၏။
တစ်​ချိန်​တည်းမှာပဲ သူမရဲ့ဖုန်းထဲမှာ 'ကျွန်​​တော်​က
President​ဖေးရဲ့ လက်​​ထောက်​ ကျန်​ဖန်​ပါ´ဆိုတဲ့
မိတ်​​ဆွေအဖြစ်​အသိအမှတ်​ပြုမက်​​ဆေ့ခ်ျ​တစ်​​စောင်
ရောက်​လာခဲ့သည်​။

Group Cရဲ့ ​အေးဂျင့်​တိုင်း သူတို့ရဲ့မက်​​ဆေ့ခ်ျ​အသီးသီးကို
ရရှိသွားပြီး လက်​ခံလိုက်​ကြ၏။အဲ့ဒီ​နောက်​ ကျန်​ဖန်
Group Cရဲ့​အေးဂျင့်​အကုန်​လုံးကို 'ထျန်​ရွှမ်းအဖွဲ့ C'ဆိုတဲ့
WeChat groupထဲ ဆွဲထည့်​လိုက်​သည်​။လူတိုင်းgroupထဲ
ဝင်​လာပြီး​နောက်​ ​​အဖွဲ့​ခေါင်း​ဆောင်​ ​ဖေး​ရှောက်​ဇီကို
မြင်​လိုက်​ရ၏။

ဖေး​ရှောက်​ဇီရဲ့ မူလprofileက ကမ်း​ခြေမှာ 
နေကာမျက်​မှန်​ကို စိတ်​မပါ့တပါတပ်​ထားလျက်
'လက်နှစ်ေ​​ချာင်း´​*ထောင်​ထားတဲ့ပုံဖြစ်​သည်​။ဒါက
က​လေးကလားဆန်​လွန်းသည်​ပင်​။ဖေး​ရှောက်​ဇီမှာ
ဒီပုံကြီးကို တကယ်​မနှစ်​မြို့တာ​ကြောင့်​'ဖေး'ဆိုတဲ့
စာလုံးတစ်​လုံးထဲပါတဲ့ ပုံကို အလွယ်​တကူ
ချိန်းလိုက်​​တော့သည်​။လူတိုင်း 'ဖေး'ဆိုတဲ့ပရိုဖိုင်​ပုံကို
မြင်​ပြီး​နောက်​ ခံစားလိုက်​ရတာက အလွန်​တရာ
ရှုပ်​​ထွေးမှုပင်​။

Accidental Mark {Myanmar Translation}Where stories live. Discover now